အမျိုးသမီးတွေက အမျိုးသားတွေထက်ပိုပြီး ကျန်းမာရေး ချူချာတတ်ကြပါတယ်။ သားအိမ်ခေါင်းကင်ဆာ၊ ရင်သားကင်ဆာ စတဲ့ စက္ကန့်ပိုင်းအတွင်းမှာ အသက်ကို နှုတ်ယူသွားနိုင်တဲ့ ရောဂါဆိုးကြီးတွေကို ပိုပြီး ခံစားရနိုင်ခြေရှိတာကြောင့် အမျိုးသားတွေထက် အဆပေါင်းများစွာ ကျန်းမာရေးကို ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေ မဖြစ်မနေသိထားရမယ့် ကျန်းမာရေး အကြောင်းတွေကို စုံစုံလင်လင် ဖော်ပြပေးလိုက်ပါတယ်။

(၁) ကိုယ့်ကိုယ်ကို အချိန်ပေးပါ

ဒါဟာ သင့်ကို တစ်ကိုယ်ကောင်းဆန်ခိုင်းတာမဟုတ်ပါဘူး။ တစ်နေ့ကုန် အလုပ်တွေနဲ့ ပိနေတဲ့ အမျိုးသမီးတွေအတွက် ကိုယ့်ကိုယ်ကို ပျော်ရွှင်စရာကောင်းတဲ့ စိတ်ခံစားချက်တွေကို ပေးနိုင်မယ့် အချိန်လေးတွေကို ဖန်တီးခိုင်းတာပါ။ ဥပမာ မနက်တိုင်း လေ့ကျင့်ခန်းပုံမှန်လုပ်တာ မနက်စာကို အချိန်ပေးပြီး ကောင်းကောင်းစားတာတွေက သင့်ရဲ့ ကျန်းမာရေးကို လှည့်ကြည့်စရာမလိုလောက်အောင် ကောင်းစေတာကြောင့် တကယ့်ကို အကျိုးရှိပါတယ်။

(၂) အားဆေးပုံမှန်သောက်ပါ

အမျိုးသမီးတွေရဲ့ ဟောမုန်းက အပြောင်းအလဲ မြန်တာကြောင့် သင့်ရဲ့ အလှအပနဲ့ ကျန်းမာရေးအတွက် ဖြည့်စွက် အားဆေးတွေက သင့်ကို ပိုပြီးတော့ ကျန်းမာအောင်လုပ်ဆောင်ပေးနိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် အားဆေးဝယ်ယူတဲ့ အခါမှာတော့ သင်လိုအပ်နေတဲ့ ဓာတ်တွေကို အပြည့်အဝပေးနိုင်တာမျိုးကိုပဲ ရွေးချယ်ဝယ်ယူသင့်ပါတယ်။

(၃) အကြောင်းအမျိုးမျိုးကြောင့် သင့်ရဲ့ ခန္ဓာကိုယ်က ပုံစံမျိုးစုံ ချိန်းနိုင်ပါတယ်..စိုးရိမ်စရာတော့ မဟုတ်ပါဘူး

ကိုယ်ဝန်ဆောင်နေချိန်၊ အပျိုရည်ပျက်သွားတဲံ အချိန်၊ ရာသီလာတဲ့ အချိန်တွေမှာ ဟော်မုန်းတွေက မြန်ဆန်စွာ ပြောင်းလဲ တတ်ပြီး သင့်ရဲ့ ခန္ဓာကိုယ်က ချက်ချင်းဆိုသလို ပိန်ရာကနေလည်း ချက်ချင်းဝလာတတ်ပါတယ်။ ဒါတွေကို ကြည့်ပြီးတော့ သင့်ရဲ့ ကျန်းမာရေးကို စိုးရိမ်စရာတော့မလိုပါဘူး။

(၄) ဈေးကြီးတဲ့ ပစ္စည်းတွေက သင့်ရဲ့ ခန္ဓာကိုယ်ကို အများကြီး လှစေပေမယ့် ကြောက်စရာကောင်းတဲ့ ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်

အမျိုးသမီးအများစုကြားမှာ ခုနောက်ပိုင်းခေတ်စားလာတာက တင်ကိတ်၊ ရင်ကိတ်တာတွေပါ။ ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပနေဖို့ မိန်းကလေးတိုင်း တပ်မက်စွဲလမ်းတတ်ကြတာကြောင့် နောက်ပိုင်းမှာ ဆီလီကွန်အတုတွေခေတ်စားလာကြပါတယ်။ ဒါကြောင့် ဒါတွေကို အသုံးပြုမယ် ဆိုရင် သင့်အနေနဲ့ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို သိထားဖို့လည်း အရေးကြီးပါတယ်။

(၅) နှလုံးရောဂါက အမျိုးသမီးတွေအများစုကို သတ်ဖြတ်နေတဲ့ ရောဂါဆိုးကြီးပါ

ကမ္ဘာပေါ်မှာ အမျိုးသမီးအများစုကနှလုံးရောဂါကြောင့် သေဆုံးမှုတွေများစွာ ကြုံတွေ့နေရပါတယ်။ ဒါကြောင့် အမျိုးသမီးတစ်ယောက်အနေနဲ့ အဆိုပါရောဂါဆိုကြီးမဖြစ်အောင် နှလုံးရောဂါကိုကာကွယ်ပေးတဲ့ အစားအသောက်တွေကို ရွေးချယ်စားသောက်သင့်ပါတယ်။

(၆) အစားအသောက်တိုင်းက အမျိုးသမီးတွေအတွက် အကောင်းဆုံး ဆေးပါ

အမျိုးသမီးအများစုက အစားစားရတာကို ကြိုက်ကြပါတယ်။အစားကောင်း လေးတွေစားရရင်ကိုပဲ တကယ့်ကို သုခဘုံလေးလို့ပါ။ အမျိုးသမီးတွေအတွက်တော့ ဒီအချက်လေးက ကောင်းတဲ့ အချက်ပါ။ အစာလည်း ဆေး ၊ ဆေးလည်း အစာ ဆိုတဲ့ ဆိုရိုးအတိုင်း အစားအသောက်တွေကပဲ ရောဂါဆိုးတွေမဖြစ်အောင် ကာကွယ်ပေးထားတာပါ။

ဒါကြောင့် ယနေ့ကစပြီး မယ်မဒီလေးတွေ ကိုယ့်ကိုယ်ကို ဂရုစိုက်ရင်း ယုံကြည်မှုရှိပြီး လှပတဲ့ အမျိုးသမီးလေးတွေအဖြစ် ပျော်ရွှင်စွာနေထိုင်လိုက်ပါ။

Source:mindbodygreen.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။