ထိပ်ကပ်နာ ရောဂါက သေစေနိုင်တဲ့ ရောဂါ မဟုတ်ပေမယ့် လူ့ပတ်ဝန်းကျင်မှာ သွားလာရမလွယ်ကူလောက်အောင် ဒုက္ခပေးတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ထိပ်ကပ်နာ ရောဂါက ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ လေထုညစ်ညမ်းမှုတွေကြောင့် အနံဆိုးတွေကြောင့်လည်း ဖြစ်နိုင်သလို အအေးမိနှာစေး စေတဲ့ ဘက်တီးရီးယားပိုးမွှားတွေကြောင့် အသက်ရှူလမ်းကြောင်းမှာ ရောဂါကူးစက်ခံရပြီး နှာရည်အမြဲကျခြင်း၊ နှာခေါင်းကနေ အနံဆိုးများထွက်ခြင်း ကိုယ်လက်ကိုက်ခဲခြင်းနဲ့ ချောင်းဆိုးခြင်းတွေကို ဖြစ်ပွားစေပါတယ်။ အဆိုးဆုံးကတော့ အမြဲ နှာရည်တွေကျနေပြီး လူတွေကြားကို မသွားရဲလောက်အောင် နှာခေါင်းက အနံဆိုးတွေ ထွက်လာတာပါ။

ဒီနာတာရှည်ရောဂါကြီးကို ပျောက်ကင်းနိုင်ဖို့ အတွက် ပိုက်ဆံတွေအများကြီး အကုန်ကျခံပြီး ကုသပေမယ့်လည်း ဆေး သောက်တုန်း ခဏပဲ သက်သာကြတာပါ။ ဆေးသောက်တဲ့ ရက်တွေပြတ်သွားတဲ့အခါ ရောဂါက တစ်ဖန်ပြန်ထလာလို့ ထိပ်ကပ်နာ ဝေဒနာရှင်တွေ အရမ်းကို စိတ်ညစ်ရပါတယ်။ ဒါကြောင့် ထိပ်ကပ်နာ ဝေဒနာရှင်တွေအတွက် ထိုရောဂါဆိုးကြီးကို အမြစ်ပြတ်ကုသပေးနိုင်တဲ့ တိုင်းရင်းဆေးနည်း တစ်ခုကို ပြန်လည်မျှဝေပေးထားပါတယ်။

ဒါကတော့ ထန်းနို့ခြောက် လို့ခေါ်တဲ့ ထန်းဖူးပါ။ ထန်းနို့ခြောက်က ထိပ်ကပ်နာ ဝေဒနာရှင်တွေအတွက် နတ်ဆေးတစ်ခွက်လို့ အစွမ်းထက်ပါတယ်။ လုပ်နည်းကတော့ ထန်းနို့ခြောက်ကို အမှုန့်ဖြစ်အောင်ထောင်းရပါမယ်။ ပြီးရင်တော့ ဆေးပေါ့လိပ်ကို အထဲက ဆေးမှုန့်တွေကို ထုတ်ပစ်ပြီး ထန်းနို့ခြောက် အမှုန့်တွေကို ထည့်ပေးရပါတယ်။ ရလာတဲ့ ထန်းနို့ခြောက်ထည့်ထားတဲ့ အလိပ်ကို ဆေးလိပ်သောက်သလို ရှူရှိုက်ပြီး နှာခေါင်းကနေ အငွေ့တွေပြန်ထွက်လာအောင်မှုတ်ထုတ် ပေးရမှာပါ။ ထန်းနို့ခြောက်လိပ်ကို ပုံမှန်သောက်သုံးသွားမယ်ဆိုရင် တစ်ပတ်အတွင်းမှာ ယခင်ကထက်ပိုပြီး သက်သာလာတာကို မြင်တွေ့ရမှာပါ။

Source: netdoctor.co.uk

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။