ဗြိတိသျှနိုင်ငံက မြင်းစီးရတာကြိုက်တဲ့ ဆယ်ကျော်သက်ကောင်မလေးက ကမ႓ာ့ အငယ်ဆုံး ဘီလျံနာဟုအမည်ပေးခံရခြင်း

ကမ႓ာ့အငယ်ဆုံး ဘီလျံနာဖြစ်တဲ့သူမဟာ အလက်စန်းဒရား အန်ဒီစန် လို့ ခေါ်ပြီး အသက် က ၁၉နှစ်ပဲရှိပါသေးတယ်။ ဒါပေမယ့် သူမအရွယ်နဲ့မလိုက်အောင် ၁.၂ ဘီလျံတောင် ပိုင်ဆိုင်နေပါပြီ။ သူမကတော့ ပရောဖက်ရှင်နယ် မြင်းစီးသမားတစ်ယောက်ဖြစ်ပြီး နော်ဝေးသူတစ်ယောက်ပါ။ သူမကိုလူသိများကတဲ့ အကြောင်းအရင်းကတော့ မဂ္ဂဇင်းတစ်ခုရဲ့ ဘီလျံပိုင်ဆိုင်သူများ စာရင်းရှိတဲ့ ၁,၈၁၀ ထဲက မှ ၁,၄၇၆ တွင်ရပ်တည်နေတဲ့သူပဲအဖြစ် ထည့်သွင်းခံရပြီးနောက်ပိုင်းဖြစ်ပါတယ်။

သူမယခုလို ဘီလျံနာဖြစ်လာရတဲ့အကြောင်းအရင်းကတော့ ဆေးလိပ်လုပ်ငန်းကိုလုပ်ကိုင်ပြီး နာမည်ကြီးတဲ့ နော်ဝေးစီးကရက်ကုမ္ပဏီရဲ့ပိုင်ရှင်ဖြစ်တဲ့ သူမမိသားစုက အမွေလွှဲပေးလိုက်သောကြောင့်ဖြစ်ပါတယ်။

သူမအဖေက သူ့သမီးတွေကို ကုမ္ပဏီမှာရှိတဲ့သူ့ရဲ့ ရှယ်ရာတွေထဲက ၈ဝရာခိုင်နှုန်းလောက်ကိုလွှဲပြောင်းပေးပြီးပြီဖြစ်တဲ့ အပြင် အလက်စန်းဒရားရဲ့ အစ်မတွေက လဲရင်းနှီးမြုပ်နှံမှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။

သူမကတော့ 'ကျွန်မကပိုက်ဆံစုတတ်တဲ့သူတစ်ယောက်ပါ။ အမြဲတမ်းစုနေကြလေ။' လို့အင်တာဗျူးမှာပြောသွားပါတယ်။

ဆက်လက်ပြီးတော့'ကျွန်မက တစ်ပတ်စာရတဲ့ မုန့်ဖိုးကိုလဲစုတယ်လေ။ မြင်းစီးပြိုင်ပွဲတွေမှာ အနိုင်ရတဲ့ ဆုကြေးငွေတွေကလဲ အမြဲစုဘူးထဲဝင်နေတာပါ။ ဒါမှလဲ ကျွန်မဝယ်ချင်တာရှိရင် ဝယ်လို့ရပြီလေ။' ဟု၍လဲထပ်မံပြောကြားသွားပါတယ်။

ဒီအရွယ်လေးနဲ့အမွေရထားတဲ့ပိုက်ဆံတွေကို မဖြုန်းတီးပဲ ကောင်းကောင်းထိန်းသိမ်းနိုင်တာအံ့သြဖို့ကောင်းတယ်နော်။

translated by Anna

Source: telegraph

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။