ကြက်ဥ၊ ဘဲဥဆိုတာ လူတိုင်းနီးပါး နေ့စဉ်စားသုံးတဲ့ အစားအစာထဲမှာပါဝင်ပါတယ်။ ကြက်ဥ ဘဲဥတွေက လူ့ခန္ဓာကိုယ်ကို အာဟာရဓာတ်တွေများစွာပေးနိုင်တာကြောင့် လူတိုင်းစားသုံးသင့်တဲ့ အစားအစာတစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ထူးခြားမှုတစ်ခုက လူတိုင်းနီးပါးတဲ့ တည့်တဲ့ ကြက်ဥ ဘဲဥတွေနဲ့ ဓာတ်မတည့်တဲ့ သူတွေလည်း ရှိကြပါတယ်။ ကြက်ဥ ဘဲဥနဲ့ ဓာတ်မတည့်မှုဖြစ်ပြီဆိုရင် ဖြစ်နေကြရောဂါလဏ္ခာမျိုးတွေဖြစ်တာကြောင့် လူအများစုကတော့ သိပ်ပြီး သတိမထားမိကြပါဘူး။

ယခုပြောပြမှာက ကြက်ဥ ဘဲဥတွေနဲ့ ဓာတ်မတည့်တဲ့ အခါဘယ်လိုမျိုးတွေဖြစ်ပေါ်လာစေနိုင်တယ်ဆိုတာကို ဗဟုသုတအဖြစ် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ ကြက်ဥ ဘဲဥတွေနဲ့ ဓာတ်မတည့်တဲ့ အခါ...

- နှာစေးခြင်း၊ နှာမွှန်ခြင်း

- ချောင်းဆိုးပြီး အသက်ရှူမဝခြင်း

- အင်ပြင်ပုံစံဖြစ်ပေါ်လာခြင်း

- ပျို့အန်ခြင်းတွေကို ဖြစ်ပေါ်လာစေနိုင်တာကြောင့် သတိရှိဖို့လိုအပ်ပါတယ်။ 

ဒါ့ပြင် ထိုကဲ့သို့သော ဓာတ်မတည့်မှုမျိုးက ကလေးငယ်တွေမှာ ပိုပြီး တွေ့ရတတ်ပြီး အသက်အန္တရာယ်ကိုလည်း ဆုံးရံှုးစေနိုင်တာကြောင့် အောက်ပါ ရောဂါ လဏ္ခာတွေကို တွေ့ပြီဆိုရင်တော့ ဆရာဝန်ဆီကို သာ အမြန်ဆုံးပြေးဖို့ တိုက်တွန်းချင်ပါတယ်။ အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ ရောဂါလဏ္ခာတွေက

- ရုတ်တရက်သွေးပေါင်ကျလာခြင်း

- အသက်ရူလမ်းကြောင်းပိတ်သွား၍ အသက်ရူမရတော့ခြင်း

- သတိလစ်ခြင်းတို့ ဖြစ်ပြီဆိုရင် ဆရာဝန်ဆီမှာ အမြန်ဆုံး ကုသနိုင်မှသာ အသက်ကိုကယ်နိုင်မှာပါ။ ဒါကြောင့် ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ်ကိုယ့်ကိုယ်ကို အထူးဂရုစိုက်ဖို့ပြောကြားချင်ပါတယ်။

Sourve:healthline

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။