လူခန္ဓာကိုယ်မှာရှိတဲ့ ကျောက်ကပ်၊ အသည်း၊ နှလုံးတွေမှာ ကြောက်စရာကောင်းတဲ့ ရောဂါတွေကိုအများဆုံး တွေ့ရှိရပြီး ထိုရောဂါတွေဖြစ်ပွားလာပြီဆိုရင်လည်း ပိုက်ဆံကို သိန်းချီပြီး ကုန်ကျနိုင်မှသာ ရာခိုင်နှုန်းတစ်ဝက်လောက်အောင်မြင်ကြတာပါ။ အဲ့ဒီထဲကမှ ကျောက်ကပ်ရောဂါဝေဒနာကို ခံစားရပြီဆိုရင် တမြေ့မြေ့နဲ့ ခံစားရတဲ့ အပြင် ကျောက်ကပ်ကို ပုံမှန်ဆေးရင်ကုန်ကျတဲ့ ပိုက်ဆံက အရမ်းကို များပါတယ်။ ဒီနေ့ကတော့ ဆရာဝန်တွေကတောင် လက်လျော့လိုက်ရတဲ့ ကျောက်ကပ်ဝေဒနာရှင်တွေအတွက် ဆေးနည်းကောင်းလေးကို ဖော်ပြပေးထားပါတယ်။

အဓိက ဆေးကတော့ ကင်းမုန်သီးပါ။ အိမ်ခြံစည်းရိုးတွေမှာ တွယ်တက်ပြီး ပေါက်နေတဲ့ ကင်းမုန်သီးပင်အများစုကို မြင်ဖူးကြမှာပါ။ အများစုကတော့ ထိုအသီးကဘယ်လောက်ထိ ဆေးဖက်ဝင်တယ်ဆိုတာကို မသိကြပါဘူး။ ကင်းမုန်သီးက ကျောက်ကပ်အတွက် တကယ့်ကို ကောင်းတဲ့ ဆေးဖက်ဝင်အသီး တစ်မျိုးဖြစ်ပါတယ်။ ကျောက်ကပ်ဝေဒနာရှင်တွေ အတွက် ကင်းမုန်သီးကို ဘယ်လိုစားသုံးပေးရမယ်ဆိုတာကို ဆက်လက်ဖော်ပြပေးထားပါတယ်။

- ကင်းမုန်သီးကို အလယ်ကနေခွဲပြီး ကျောက်ကျဉ်အနည်းငယ်ထည့်ပေးရပါမယ်

- ပြီးရင်တော့ မီးဖိုပေါ်မှာ မီးကင်ပြီး ရလာတဲ့ အသီးတွေရဲ့ အထည့်က အရည်တွေကို ညှစ်ယူပြီး သောက်သုံးပေးရမှာပါ။

အဆိုပါနည်းအတိုင်း တစ်နေ့ကို သုံးကြိမ်သောက်ပေးရမှာဖြစ်ပြီး တစ်ခါသောက်ရင် ကင်းမုန်သီး (၃)လုံးပဲ သောက်ရပါမယ်။ လက်တွေ့သောက်သုံးနေတဲ့ သူတွေကတော့ ကျောက်ကပ်ဝေဒနာတွေကို သိသိသာသာသက်သာလာတာကို မြင်တွေ့ရမှာဖြစ်ပြီး ကျောက်ကပ်အမြဲဆေးနေရတဲ့ သူတွေ ကျောက်ကပ်ဝေဒနာရှင်တွေအတွက် တကယ့်ကို အသုံးတည့်တဲ့ ဆေးနည်းလေးဖြစ်တာကြောင့် မေတ္တာနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source:မြန်မာတိုင်းရင်းဆေးများ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။