လူတွေရဲ့ စိတ်ကတော့ အလိုမကျနိုင်အောင်ပဲ အမျိုးမျိုးပြောင်းလဲနိုင်ကြပါတယ်။

မကြာသေးမီရက်ပိုင်းက နိုုင်ငံတကာသတင်းတစ်ခုမှာ လသားအရွယ်သမီးလေးကို ရုပ်ချောလို့ သတ်ပစ်ခဲ့တဲ့ဖြစ်ရပ် ရှိဖူးသလို အခုတစ်ခါမှာတော့ ရုပ်ဆိုးလို့ဖခင်ရဲ့ စွန့်ပစ်ခံရတဲ့ အမျိုးသမီးတစ်ဦးအကြောင်းပါ။

Katja အမည်ရှိ အမျိုုးသမီးဟာ လွန်ခဲ့သော(၂၁)နှစ်အကြာ ကလေးဘဝထဲက ဖခင်ရဲ့ စွန့်ပစ်ထားခြင်းခံခဲ့ရသူပါ။

သူမဟာ ဟော်မုန်းနဲ့ ပတ်သက်ပြီး အရွယ်မတိုင်ခင် အိုမင်းတဲ့ ရှားပါးရောဂါကိုခံစားခဲ့တာကြောင့် ရုပ်ရည်ဟာ အရွယ်နဲ့မလိုက်အောင် အိုစာနေတဲ့ပုံပေါက်ခဲ့ပါတယ်။

ဒါ့ကြောင့်လည်း သူမရဲ့ ဖခင် ဖြစ်သူက သူမတို့ သားအမိနှစ်ယောက်ကို စွန့်ပစ်ခဲ့ပြီး ကျောင်းမှာလည်း ရွယ်တူအခန်းဖော် သူငယ်ချင်းတွေရဲ့ ကဲ့ရဲ့ လှောင်ပြောင်မှုတွေကိုခံခဲ့ရရှာပါတယ်။

ဒါပေမယ့်သူ့ကို လူတွေဘာကြောင့် လှောင်ပြောင်ပြီး ပစ်ပယ်ကြလဲဆိုတာ သူမနားမလည်နိုင်ခဲ့ပါဘူး ။ သူမဘာတွေကျုးလွန်ခဲ့မိလဲဆိုတာ စဉ်းစားမရအောင် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ သူမကို “အဖွားက ဘာလို့ စကပ်တိုလေးဝတ်ထားတာလဲ” စသဖြင့် အထင်မှားခံရတဲ့အခါမျိုးလည်း ရှိခဲ့တယ်လို့ ပြောပါတယ်။ နောက်ပိုင်းမှာ သူမရဲ့ မျက်နှာကြောင့် လူတွေကဲ့ရဲ့ဝေဖန်ကြတာကို သိလိုက်ရလို့ စိတ်မကောင်းလည်းဖြစ်ခဲ့ရပေမယ့် မိခင်ဖြစ်သူကတော့ သူမကို သနားတာကြောင့် စိတ်ချမ်းသာအောင်ထားခဲ့တယ်လို့ သိရပါတယ်။

အရွယ်ရောက်လာပြီးနောက်မှာတော့ သူမဟာ ရုပ်ရည်ထက် ပိုအရေးပါတဲ့အရာတွေကိုပဲ အကောင်းဆုံးကြိုးစားနေထိုင်ခဲ့ပြီး ပတ်ဝန်းကျင်ကလူတိုင်းက သူမကိုချစ်ခင်လာကြပါတယ်။

အခုဆိုရင်တော့ သူမကို တန်ဖိုးထားတဲ့ ခင်ပွန်းကောင်းတစ်ယောက် ပိုင်ဆိုင်ထားပြီး သူမကို အတော်လေးချစ်ရှာတယ်လို့ သိရပါတယ်။

လောကမှာ ရုပ်ရည်ထက် စိတ်ထားကောင်းဖို့သာအဓိကပါပဲ။  

သတင်းအရင်းမြစ် sunflower

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။