ရှေးယခင်လူကြီးတွေပြောခဲ့တဲ့ စကားအတိုင်း မြွေကိုက်ရင် ဆေးမရှိဘူးဆိုတာ ကိုကြားဖူးကြမှာပါ။ ယခုနောက်ပိုင်းမှာတော့ တိုးတက်လာတဲ့ ခေတ်နဲ့ အညီ မြွေဆိပ်ကို ပြေစေနိုင်တဲ့ ဆေးဝါးတွေ ပေါ်နေပြီဆိုပေမယ့် နေရာတိုင်းမှာတော့ မရနိုင်သေးပါဘူး။ ယနေ့ ပြန်လည်မျှဝေပေးထားတာကတော့ တကယ့်ကို အသုံးဝင်ပြီး လူ အသက်ပေါင်းများစွာကိုကယ်တင်နိုင်ခဲ့တဲ့ မြွေဆိပ်ကိုဖြေပေးနိုင်တဲ့ ခွေးလှေးယားသီး အစေ့ဖြစ်ပါတယ်။

ခွေးလှေးယားသီးနဲ့ မြွေဆိပ်ဖြေနိုင်တဲ့ နည်းလမ်းကို မြန်မာပြည်အောက်ပိုင်းမှာ ဆေးသုတေသန ဦးစီးဌာနက စတင်ဖော်ထုတ်နိုင်ခဲ့ပြီး လက်တွေ့စမ်းသပ်တဲ့ အခါမှာလည်း အောင်မြင်မှုတွေများစွာကိုရရှိခဲ့ပါတယ်။ ဒါကြောင့် စက္ကန့်ပိုင်းလေးမှာ တင် လူ့အသက်ကိုနှုတ်ယူသွားနိုင်တဲ့ မြွေဆိပ်ကို အကောင်းဆုံး ပြေစေနိုင်တဲ့ ခွေးလှေးယားသီးအစေ့ရဲ့ အသုံးပြုပုံလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

- မြွေကိုက်ခံရပြီဆိုရင် ခွေးလှေးယားသီးကို အမှုန့်ကြိတ်ပြီး မြွေကိုက်ခံရတဲ့ နေရာကို ထည့်ပေးပါ

- ဒါမှမဟုတ် ခွေးလှေးယားသီးအမှုန့်ကို အရည်ဖျော်ပြီး ဒဏ်ရာပေါ်ကို လိမ်းပေးပါ

- နောက်တစ်နည်းကတော့ ခွေးလှေးယားသီးအစေ့ကိုမီးဖုတ်ပြီး အပြင် အခွံကို ခွာပြီး အဆန်ကို ဝါးစားပေးရပါတယ်။

ထိုနည်းက မြွေဆိပ်ကို အမြန်ဆုံးပြေစေနိုင်တဲ့ ထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။ လူအများသိကြတဲ့ ယားတတ်ပြီး အမွှေးတွေပါတဲ့ အသီဖြစ်တဲ့ အရိုင်းသီးမဟုတ်ပါဘူး။ ခွေးလှေးယားသီး အယဉ်သီးကသာ အဆိပ်အတောက်တွေကိုပြေစေနိုင်တာဖြစ်လို့ သေချာ စစ်ဆေးဖို့လိုပါတယ်။ ကုသရခက်တဲ့ နေရာဒေသတွေရောက်နေခဲ့ရင် အရမ်းကို အသုံးဝင်တဲ့ ဆေးနည်းဖြစ်လို့ ပြန်လည်ဝေမျှလိုက်ပါတယ်။

Source: ဦးစောနွဲ့နေဆိုင် (တိုင်းခမ်းတီ)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။