ဘိုင်ယန်မြူးနစ်အသင်းဟာ လာမည့်ရာသီ ဥရောပ ချန်ပီယံလိဂ် မှာအောင်မြင်မှုတွေရရှိဖို့အတွက် ဆန်းချက်စ် ကို ခေါ်ယူသွားလိုနေတယ်လို့သိရပါတယ်။

ဘိုင်ယန်မြူးနစ် ဟာ ယခုနှစ်ချန်ပီယံလိဂ် မှာ အာဆင်နယ်အသင်းကို နှစ်ကြော့ပေါင်း ၁၀-၂ နဲ့ အနိုင်ရရှိခဲ့ပြီး ယခုအခါ အာဆင်နယ်အသင်းရဲ့ အဓိကကစားသမား ဆန်းချက်စ် ကို ခေါ်ယူသွားလိုနေတာဖြစ်ပါတယ်။

ယခုအချိန်မှာ ဆန်းချက်စ် ဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်အသစ်ချုပ်ဆိုဖို့ အလှမ်းဝေးနေပြီး ရာသီအကုန်မှာ ဆန်းချက်စ် ဟာ အာဆင်နယ်အသင်းကနေ ထွက်ခွာဖို့ ပိုမိုပြီး နီးစပ်လာနေတဲ့ အနေအထားဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ် မန်နေဂျာ ကားလော့စ်အန်ဆလော့တီ က ဆန်းချက်စ် ကို ခေါ်ယူပေးရန် ပြောကြားခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်အသင်း က ချီလီသားကို ခေါ်ယူဖို့ ကြိုးစားလာနေတယ်လို့သိရပါတယ်။

ဆန်းချက်စ် သာ ဘိုင်ယန်ကို ရောက်ရှိခဲ့ပါက ဘာကာ နဲ့ ရီးရဲတို့ ကို အကောင်းဆုံးယှဉ်ပြိုင်နိုင်လိမ့်မယ်လို့ ဘိုင်ယန်အသင်းက ယုံကြည်နေပါတယ်။

ဆန်းချက်စ် ရဲ့ စာချုပ်သက်တမ်းဟာ နောက်ဆုံးနှစ်ထဲမှာ ဝင်ရောက် လာတာကြောင့် အာဆင်နယ်အသင်းက ချီလီကစားသမား ကို ပေါင် ၃၅သန်း နဲ့သာ ရောင်းချသွားဖွယ်ရှိနေတယ်လို့ စပေါ့ သတင်းက ဖေါ်ပြခဲ့ပါတယ်။

ဘိုင်ယန်အသင်းဟာ နောက်ဆုံး ၅ နှစ်ဆက် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ရောက်ရှိလယခဲ့ပေမဲ့ တစ်ကြိမ်သာ အနိုင်ရရှိခဲ့ပါသေးတယ်။

ဘိုင်ယန်အသင်းဟာ ဆန်းချက်စ် ကို ခေါ်ယူဖို့ လက်လွှတ်ခဲ့ရပါက ရီးရဲအသင်းရဲ့ ဂျိမ်းစ် ရိုဒရီဂွက်စ် ကို ခေါ်ယူသွားမယ်လို့သိရပါတယ်။

အာဆင်ဝင်းဂါး အနေနဲ့ကတော့ သူ့ရဲ့ စတားကစားသမား ကို လက်လွှတ်ဖို့ ဆန္ဒမရှိဘူးလို့သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။