သွားကျန်းမာရေးဆိုတာ ကလေးမှမဟုတ်ပါဘူး လူကြီးတွေလည်း ဂရုစိုက်သင့်တဲ့ အရာတစ်ခုပါ။ သွားမကောင်းရင် ဘယ်လို အစားအစာမျိုးမှ မစားနိုင်လို့ ဆန်ပြုတ်ပဲ သောက်ရတဲ့ အခြေအနေမျိုးတွေကို ကြုံဖူးပါမှာပါ။ အဲ့ထဲကမှ သွားပိုးပေါက်တွေ ဖြစ်လာပြီဆိုရင် တော်တော်နဲ့ မပျောက်ပဲ သွားတွေ အကုန်လုံးကို ကူးစေတဲ့ အပြင် ကိုယ်ကြိုက်တဲ့ အစားအသောက်တွေကိုလည်း စိတ်ကြိုက်စားနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် သွားဆရာဝန်နဲ့ ပြဖို့ တောင်မလိုတဲ့ သွားပိုးပေါက်တွေကို အရှင်းပျောက်ကင်းစေတဲ့ အိမ်တွင်းကုသနည်းလေးတစ်ခုကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

ညသန်းခေါင်ကြီး သွားပိုးပေါက်တွေကြောင့် သွားတွေကိုက်နေရပြီဆိုရင် စိတ်မပူပါနဲ့ မာလကာရွက်လေးကို ဆောင်ထားလိုက်ပါ။ ဆေးနည်းလေးက မာလာကာရွက် ၁၀ ရွက်ကို ခူးပြီး သန့်စင်အောင် သေချာရေနဲ့ ဆေးကြောလိုက်ပါ။ ပြီးရင် ဖန်ခွက်တစ်လုံးမှာ ရေကို ပွက်ပွက်ဆူအောင်ထည်ထားပြီး မာလကာရွက်တွေကို ထည့်လိုက်ပါ။ မာလကာရွက်တွေတဖြည်းဖြည်း ညိုးလာပြီး အရည်ရလာပြီဆိုရင် အိုးကို ချပြီး အအေးခံလိုက်ပါ။

ခပ်နွေးနွေး အနေအထားရပြီဆိုရင် ထို မာလကာရည်နဲ့ အာလုပ်ကျင်းလိုက်ပါ။ ဒါဆိုရင်တော့ သင်ခံစားနေရတဲ့ သွားကိုက်ဝေဒနာတွေကို လုံးဝပျောက်ကင်းစေနိုင်တဲ့ အပြင် သွားပိုးတွေရှိနေရင်လည်း ပျောက်ကင်းသွားအောင် သတ်ပေးနိုင်တဲ့ အစွမ်းရှိပါတယ်။ ထို မာလကာ ဆေးရည်နဲ့ ပုံမှန် အသုံးပြုပေးမယ်ဆိုရင် သွားတွေကို ကျန်းမာ စေပြီး သွားရောဂါတွေကလည်း ကင်းစင်နိုင်တာကြောင့် မေတ္တာ ဖြင့်ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Source:မြန်မာ့ဆေးမြီးတို မှတ်စု

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။