ဘုရားပုံစံ ဝတ်ဆင်ခဲ့သော The Rebel Riot Band အဖွဲ့မှ ဗုဒ္ဓဘာသာဝင်များအားပြန်လည်တောင်းပန်

..................................................................................

The Rebel Riot Band အဖွဲ့မှ သင်္ကန်းဝတ်ဖြင့် ဖော်ပြမိသည့် ဓာတ်ပုံများအတွက် စိတ်မချမ်းမြေ့ဖြစ်ကြရသည့် ဗုဒ္ဓဘာသာဝင်များအား ဝန်ချတောင်းပန်ပွဲ အခမ်းအနားကို

မနက်ဖြန် - (၂၉-၃-၂၀၁၇)ရက်နေ့၊

နေ့လည်(၂းဝ၀)နာရီတွင်

မြန်မာနိုင်ငံလုံးဆိုင်ရာဝံသာနုရက္ခိတအဖွဲ့(ဗဟို) တည်ရှိရာ ရွာမပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်ပါမည်။

ထိုအခမ်းအနားသို့ အမျိုးသားရေးအသင်းများ၊ လူမှုရေးအသင်းများ၊ ဘာသာရေးအသင်းများ၊ အခြားသော တက်ရောက်လိုသည့် ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်များ၊ သတင်းမီဒီယာများတက်ရောက်ပေးကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

သီးခြားဖိတ်စာပေးပို့ခြင်းမရှိပါ။

တောင်းပန်ပွဲအခမ်းအနားသို့ သီလဂုဏ်၊ သမာဓိဂုဏ်နှင့် ပြည့်စုံသော ဆရာတော်ကြီးများ ကြွရောက်၍ သြဝါဒစကားမိန့်ကြားမည်ဖြစ်ပါသည်။

အဆိုပါတောင်းပန်ပွဲအား မြန်မာနိုင်ငံလုံးဆိုင်ရာဝံသာနုရက္ခိတအဖွဲ့(ဗဟို)က ဦးဆောင်စီစဉ်မည်ဖြစ်ပြီး ဝန်ချတောင်းပန်မည့် The Rebel Riot Band အဖွဲ့က တောင်းပန်ခြင်းမှာလည်း စိတ်နှလုံးမချမ်းမမြေ့ဖြစ်ခဲ့ကြရသည့်အပေါ် ဗုဒ္ဓဘာသာဝင်များအား ဝန်ချတောင်းပန်ခြင်းဖြစ်ပါသည်ဟု ဦးဆောင်သူမှ ရေးသားခဲ့သည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။