လူနှစ်ယောက်ပေါင်းစည်းခြင်းဟာ လူသားတွေအတွက် သဘာဝဖြစ်စဉ်တစ်ခုဖြစ်သလို အရမ်းကို အရေးကြီးတဲ့ ကိစ္စရပ်တစ်ခုလည်း ဖြစ်ပါတယ်။ လူနှစ်ယောက်ပေါင်းစည်းပြီးဆိုတာနဲ့ ကိုယ့်ရဲ့ မျိုးဆက်လေးတွေဖြစ်တဲ့ သားသားမီးမီးလေးတွေ ရရှိလာကြမှာပါ။ ဒါကြောင့် မိမိ ရင်သွေးလေးတွေကို ထိခိုက်မှုမရှိအောင် လက်မထပ်ခင်မှာ ကျန်းမာရေးစစ်ဆေးမှုတွေလုပ်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ရင်သွေးလေးတွေဖြစ်လာဖို့ အတွက် အဓိက ပံ့ပိုးပေးတဲ့ အမျိုးသားတွေက ပိုပြီးတော့ ကျန်းမာရေးစစ်ဆေးဖို့ လိုအပ်ပါတယ်။ အများစုကတော့ ကလေးရနိုင်မရနိုင် ကာလသားရောဂါ နဲ့ HIV ပိုးရှိမရှိကိုပဲ အဓိကထားစစ်ဆေးကြပါတယ်။ ဒါပေမယ့် ကာလသားရောဂါမျိုးက မဖြစ်မနေစစ်ဆေးသင့်တဲ့ ရောဂါမျိုးလုံးဝ မဟုတ်ပါဘူး။

ဒါကြောင့် မင်္ဂလာမဆောင်ခင်မှာ ကိုယ့်ရဲ့ နှောင်လာမယ့်ရင်သွေးလေးကို မထိခိုက်အောင် ဇနီးမောင်နှံနှစ်ဦးလုံး ဘယ်လို ရောဂါတွေရှိမရှိစစ်ဆေးရမယ် ဆိုတာကို ဖော်ပြပေးထားပါတယ်။

(၁) တက်တတ်သည့်ရောဂါ

ဒီရောဂါကတော့ သွေးစစ်ဆေးရုံနဲ့ မသိရှိနိုင်တဲ့ ရောဂါဖြစ်တာကြောင့် အရမ်းကို အန္တရာယ်ကြီးတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ထိုရောဂါက မျိုးရိုးနဲ့ လိုက်ပြီး ဖြစ်တတ်တဲ့ ရောဂါတစ်မျိုးဖြစ်တာကြောင့် တက်တတ်တဲ့ ရောဂါရှိ မရှိသိချင်ရင်တော့ ကိုယ့်လက်တွဲဖော်ရဲ့ မျိုးရိုးကို အရင်ဆုံး ပြန်ကြည့်ရပါလိမ့်မယ်။ သူ့ရဲ့ မျိုးရိုးထဲမှာ တက်တတ်တဲ့ ရောဂါရှိတဲ့ သူပါရင်တော့ သတိထားဖို့ လိုအပ်ပါတယ်။ ထိုရောဂါမျိုးက မျိုးရိုးလိုက်တတ်တဲ့ ရောဂါဖြစ်တာကြောင့် ကိုယ့်ရဲ့ ရင်သွေးလောင်လေးတွေကို ပါ ကူးစက်စေနိုင်လို့ နှစ်ဦးသားသေချာစစ်ဆေးသင့်ပါတယ်။

(၂) မျောက်သွေးရောဂါ

မျောက်သွေးရောဂါကတော့ သွေးကင်ဆာလိုမျိုး နီးနီးစပ်စပ်တူတဲ့ ရောဂါတစ်မျိုးဖြစ်သလို အရမ်းကို ကြောက်စရာကောင်းတဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ မျောက်သွေးရောဂါရှိမရှိကိုတော့ သွေးစစ်ဆေးရုံနဲ့ သိနိုင်လို့ မင်္ဂလာမဆောင်ခင်မှာ မဖြစ်မနေလုပ်ရမယ့် အရာတစ်ခုဖြစ်ပါတယ်။ အားလုံးက သာမန်သွေးစစ်ဆေးကြပေမယ့် မျောက်သွေး ရှိမရှိကိုတော့ သိပ်မသိကြပါဘူး။ မျောက်သွေးရှိတဲ့ မိန်းကလေး ဒါမှမဟုတ် ယောကျာ်းလေးတစ်ဦးနဲ့ လက်ထပ်မိခဲ့မယ်ဆိုရင် မွေးလာတဲ့ ကလေးတွေမှာ သွေးခဲရောဂါကို ခံစားကြရပြီး မကြာခင်မှာပဲ အသက်ဆုံးရှုံးရမှာပါ။ ဒါကြောင့် မင်္ဂလာမဆောင်ခင်မှာ လည်း မျောက်သွေးရှိမရှိကို စစ်ဆေးကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

(၃) ဆီးချိုရောဂါ

ဆီးချိုရောဂါနဲ့ မျိုးရိုးပြဿနာက ဆက်နွယ်မှုရှိပါတယ်။ မျိုးရိုးထဲမှာ ဆီးချို ရောဂါရှိတဲ့ သူတစ်ယောက်ပါပြီးဆိုရင် ၁၀၀ မှာ ၉၉%လောက်က ဆီးချိုရောဂါကို လက်ဆင့်ကမ်း ခံစားရပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ လက်တွဲဖော်က ဆီးချိုရောဂါရှိမရှိကို စစ်ဆေးကြည့်သင့်ပြီး အရမ်းချစ်လို့ လက်ထပ်ကြမယ်ဆိုရင်လည်း သားသမီးမရနိုင်အောင် သေချာ ကာကွယ်သင့်ပါတယ်။ ဆီးချိုသွေးချိုက သာမန်အဆင့်ဆိုရင်တော့ ကြိုတင်ကာကွယ်မှုတွေ ကုသမှုတွေကို ခံယူပြီးမှ လက်ထပ်သင့်ပါတယ်။

(၄) သွေးကင်ဆာ

သွေးကင်ဆာရှိတဲ့ သူတွေက မင်္ဂလာ လုံးဝမဆောင်သင့်ကြောင်းဆေးပညာတွေက ဖော်ပြထားကြပါတယ်။ သွေးကင်ဆာ ရောဂါကလည်း အထက်မှာ ဖော်ပြခဲ့သလို မျိုးရိုးလိုက်တတ်တဲ့ ရောဂါတစ်မျိုးဖြစ်တဲ့ အပြင် တစ်ယောက်ကနေ နှစ်ယောက် တစ်မိသားစုလုံးကို ပြန့်ပွားစေနိုင်တာကြောင့် အိမ်ထောင်မပြုတာအကောင်းဆုံးဖြစ်မှာပါ။

(၅) သွေးမတိတ်ရောဂါ

သွေးမတိတ်ရောဂါကလည်း ကြောက်ဖို့ အလွန်ကောင်းတဲ့ ရောဂါတစ်မျိုးြ်ဖစ်ပါတယ်။ ထိုရောဂါက အနာတရဖြစ်တဲ့ အခါ သွေးလုံးဝမတိတ်တဲ့ ရောဂါမျိုးဖြစ်တဲ့ အပြင်လူကို သေစေနိုင်တဲ့ ရောဂါတစ်မျိုးလည်း ဖြစ်ပါတယ်။ သွေးမတိတ်ရောဂါက မျိုးရိုးအလိုက်ပြန့်ပွားမှုတွေကို ဖြစ်စေနိုင်တာကြောင့် မင်္ဂလာမဆောင်ခင်မှာ သေချာ စစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်။

ဒါကြောင့် ကျန်းမာ ဝဖြိုးတဲ့ ရင်သွေးရတနာလေးတွေကို ပိုင်ဆိုင်ပြီး ပျော်ရွှင်တဲ့ မိသားစုဘဝကို တည်ဆောင်နိုင်ဖို့ အတွက် မင်္ဂလာမဆောင်ခင်မှာ မဖြစ်မနေလုပ်သင့်တဲ့ အရာတစ်ခု ဖြစ်ကြောင့်ဖော်ပြပေးလိုက်ရပါတယ်။

Source: မြန်မာ ဆေးမြီးတို မှတ်စု

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။