ပဲခူးမြို့နယ် အဝိုင်းကျေးရွာအုပ်စု ရွှေလှေကျေးရွာ ပဲခူးမြစ်ကူးရထား တံတားအောက်တွင် ယနေ့ နံနက်၁ဝ နာရီခွဲခန့်က ပဲခူးမြစ်အတွင်း ထင်းဆယ်ရာမှ ဗုံးသီးတစ်လုံး တွေ့ရှိ ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့နံနက် ၁ဝ နာရီခွဲက ပဲခူးမြို့နယ်အဝိုင်းကျေးရွာအုပ်စု ရွှေလှေစုကျေးရွာ အပိုင်ရထား တံတားအောက် ပဲခူးမြစ်အတွင်း ကျောင်းစုကျေးရွာနှင့် ရွှေလှေစု ကျေးရွာသားများ ဖြစ်ကြသော မောင်ထွေး(၄၅) နောင်ချိုစုကျေးရွာ၊ အေးစိုး( ၃၈ )နှစ်၊ မင်းစိုး(၄ဝ)နှစ် ကျောင်းစုရွာနေထိုင်သူတို့သည် မြစ်အတွင်း ထင်းဆယ်ကြရာမှ ရေအောက်သဲတွင် နစ်မြုပ်နေသော ဗုံးသီးတစ်လုံး ဆယ်ယူရရှိခဲ့သဖြင့် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ် ရေးမှူး၏ဆက်သွယ်အကြောင်းကြား ချက်အရ ပဲခူးမြို့မရဲစခန်းမှစခန်းမှူး ဒုရဲမှူးနိုင်စိုးနှင့် နယ်ထိန်းတပ်ဖွဲ့ဝင် များ၊ ပဲခူးအမှတ်(၂)နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်စိန်လွင်၊ နယ်ထိန်းအဖွဲ့ ခေါင်းဆောင် ဒုရဲအုပ်အောင်နိုင်ဝင်းနှင့်တပ်ဖွဲ့ဝင်များ နယ်မြေခံတပ်မှ တာဝန်ရှိသူများ ရောက်ရှိစစ်ဆေးခဲ့သည်။ ဗုံးသီးမှာ လုံးပတ် ၂၃ လက်မ ဒလက် လေးခုပါရှိပြီး အဆိုပါဗုံးသီးကို သက်ဆိုင်ရာတပ်သို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

(ဇော်ရှင်း)

Source - MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။