ယနေ့(29.3.2017)နေ့ နံနက်(7)နာရီအချိန်ခန့်က ပဲခူးရွှေမော်ဓော ဘုရားပေါ် အနောက်ဘက်မုဒ်ဗောဓိညောင်ပင်အောက်တွင် ဓားထိုးမှုတစ်ခုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ငြိမ်းချမ်း(20)နှစ်၊(ဘ)ဦးအုန်းသီး၊ဆိုင်ကယ်ကယ်ရီမောင်း၊မင်းကြီးညို(3)လမ်း၊နယ်မြေ(19)၊ ကျွန်းသာယာရပ်ကွက်၊ ပဲခူးမြို့နေသူသည် ကမာနတ်ကျေးရွာမှ အမျိုးသမီးတစ်ဦးအား နေအိမ်သို့ခေါ်ဆောင် လာပြီး ဇနီးဖြစ်သူမသဇင်(25)နှစ်၊ (ဘ)ဦးမင်းအောင်၊

ကျွန်းသာယာရပ်ကွက် နေသူအား ကွာရှင်ပေးရန်ပြောဆိုခဲ့ရာ ဇနီးဖြစ်သူမှ မကွာရှင်းမပေးနိုင်ကြောင်းပြော၍ ယနေ့ နံနက်ပိုင်းတွင် ဘုရားပေါ်သို့ချိန်းဆိုခဲ့ရာ မသဇင်မှလာရောက်ပြီး စကားပြောဆိုနေစဉ် ငြိမ််းချမ်းမှ အရိုးအသွား(၁၀)လက်မခန့်ရှိ အသင့်ပါလာသော ဓားဖြင့် ထိုးခဲ့ရာ မသဇင်မှာ ထိုးသွင်းဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံသို့ပို့ဆောင်ခဲ့ရာ 

ဆေးရုံတွင် အတွင်း လူနာ (စိုးရိမ်ရ) ဖြင့်ဆေးကုသမှု ခံယူလျှက်ရှိ ငြိမ်းချမ်းမှာ အခင်းဖြစ် နေရာမှထွက်ပြေးသွား၍စခန်းမှ စခန်းမှူး ဒုရဲမှူးနိုင်စိုး၊ နယ်ထိန်းခေါင်းဆောင်ဒုရဲအုပ်ကိုကိုဇော်နှင့် ရဲတပ်အဖွဲ့ဝင်များသည် တရားခံအားလိုက်လံရှာဖွေ ဖမ်းဆီးခဲ့ရာ နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ပြီးစခန်းမှ (ပ)၆၆၆/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၂၆အရအမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။

သတင်းအရင်းမြစ် Thant Zin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။