တစ်ခါက အင်တာနက်မှာ နာမည်ကြီးခဲ့တဲ့ တစ်နေ့ကို ဆေးလိပ်အလိပ်၄ဝသောက်တယ်ဆိုတဲ့ ကလေးငယ်လေးကို မှတ်မိကြမယ်ထင်ပါတယ်။ သူကြီးလာတဲ့အခါ ပြောင်းလဲသွားတဲ့ပုံစံက သင့်ကို အံ့အားသင့်သွားစေမှာပါ။

၂၀၁ဝခုနှစ်တုန်းက တစ်ကမ္ဘာလုံးကို အံ့အားသင့်စေခဲ့ Ardi Rizel ဆိုတဲ့ ကလေးငယ်လေးဟယ နှစ်နှစ်သားအရွယ်မှာတင် တစ်နေ့ကို ဆေးလိပ် အလိပ်၄ဝလောက်ပုံမှန်သောက်နေတာဖြစ်ပါတယ်။ သူ့မိခင်ရဲ့ပြောကြားချက်အရ Ardi ဟာ အသက် ၁၈လသားအရွယ်မှာကတည်းပ ဆေးလိပ်စသောက်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ ဆေးလိပ်မသောက်ရရင်မနေနိုင်အောင်ပဲ မိဘတွေကို ဂျီကျပြီး ငိုတာ၊ ဆူတာလုပ်တဲ့အတွက် ဆေးလိပ်ပေးနေရတာ်လို့ဆိုပါတယ်။

ဒါပေမယ့် တစ်ကမ္ဘာလုံးကနေ Ardiရဲ့ အသက်ငယ်ငယ်နဲ့ဆေးလိပ်စွဲနေမှုအပေါ် ဂေဖန်ထောက်ပြပြီးချိန်မှာတော့ အင်ဒိုနီးရှားအစိုးရဟာ ardi ကို ပြုပြင်ထိန်းသိမ်းရေးစခန်းကိုပို့စေခဲ့ပြီး ဆေးလိပ်ကိုကြိုးစားဖြတ်စေခဲ့ပါတယ်။ ဆေးလိပ်ကိုကြိုးစားဖြတ်ခဲ့ရတဲ့ Ardi ဟာ ဆိုးကျိုးအနေနဲ့ အစားအသောက်တွေ ဖိစားလာခဲ့ပြီး အများဆုံးစားတဲ့အစားအစာတွေက ကျန်းမာရေးနဲ့မညီညွတ်တဲ့ ဆီများတဲ့ အသင့်စားအစားအစာတွေဖြစ်တာကြောင့် Ardi ဟာ ၀ိတ်အဆမတန်တက်ခဲ့ပါတယ်။

ဒါပေမယ့် သက်ဆိုင်ရာဆရာဝန်တွေနဲ့ အနီးကပ်ကုသမှုခံယူနေပြီး ကိုယ်​့ကိုယ်​ကိုပြန်လည်ပြုပြင်မှုလုပ်နေတာကြောင့် Ardi ရဲ့ကျန်းမာရေးဟာ ကောင်းမွန်လာနေပြီလို့ ဆိုလို့ရပါတယ်။ တစ်ချိန်က နာမည်ကြီးခဲ့တဲ့ Ardiရဲ့ ကြီးလာတဲ့ပုံစံကိုကြည့်ပြီး ဝေဖန်ထောက်ပြခဲ့သူတွေကတော့ အံ့အားသင့်နေမှာ အမှန်ပါပဲ။

Source : viral4real

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။