ယနေ့မနက်၉း၃၀နာရီခန့်က

ကျောက်မဲမြို့နယ် ပင်ပေါအုပ်စု လုံကြိမ်ရွာနှင့်

ရှုခင်းသာအကြား အတက်ကားများအားရပ်တန့်စောင့်ဆိုင်းနေစဉ်

ထော်လာဂျီ အလယ်ထိုင်မော်တော်ယာဉ်ငယ်အား

ပုဇဉ်းခေါင်းထော်လာဂျီယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ

အနောက်မှ ဝင်တိုက်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်ကြောင့် ထော်လာဂျီယာဉ်ငယ်မှာ ၎င်း အရှေ့တွင်ရပ်တန့်

ထားးသော တွဲကားအောက်သို့ရောက်ရှိသွားပြီး တောင်ယာလုပ်ငန်း

လုပ်ကိုင်ရန်ထော်လာဂျီပေါ် လိုက်ပါလာသော

ကျောင်းကုန်းရွာသားများဖြစ်သည့်

ယာဉ်မောင်း ဦးကြည်စိုးlအသက် ၄၂ နှစ်(ဘ)ဦးကံထူး

မောင်မင်းသူ အသက် ၂၂နှစ်(ဘ)ဦးမောင်း

မအေးနွမ်း အသက်၂၈နှစ်(ဘ)ဦးအိန္ဒက

မောင်လင်းထွန်းအောင် အသက် ၅နှစ်(ဘ)ဦးလှသန်း တို့

လေးဦးဒဏ်ရာရရှိခဲ့ပြီး

မကြည်ကြည်လှိုင် အသက်၃၃ နှစ် (ဘ)ဦးကြည်ဝင်းဆိုသူမှာ

ရရှိဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင်သေဆုံးခဲ့သည်။

လူနာများအား ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း (နောင်ပိန်)

မှ မော်တော်ယာဉ် ၂ စီး

အလောင်းအား ဇီဝီတ လူမှုကူညီရေးအသင်း(ကျောက်မဲ)မှ

မော်တော်ယာဉ် ၁စီးဖြင့် ကျောက်မဲမြို့ ပြည်သူ့ဆေးရုံသို့

သယ်ယူပို့ဆောင်ပေးခဲ့သည်။

Credit - ကိုစောမင်းကြူ

Than Htay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။