ချယ်​ဆီးအသင်​းဟာ မက်​ဒရက်​အသင်​းရဲ့ ပစ်​မှတ်​ဖြစ်​လာသူ ဟာဇက်​အား စာချုပ်​သစ်​ကမ်​းလှမ်​းသွားရန်​ ပြင်​ဆင်​​နေပြီး ၎င်းအား ပရီးမီးယားလိဂ်​ရဲ့ လစာအများဆုံး ကစားသမားအဖြစ်​ ကမ်​းလှမ်​းသွားဖွယ်​ ရှိ​နေပါတယ်​။

ဟာဇက်​ဟာ လက်​ရှိ တစ်​ပတ်​ ​ပေါင်​နှစ်​သိန်​းထိ ရရှိ​နေသူဖြစ်​ပြီး ၎င်းရဲ့ စာချုပ်​သက်​တမ်​းဟာ 2020 ထိရှိ​နေပါတယ်​။ သို့​ပေမယ်​့ မက်​ဒရက်​အသင်​းမှ ကြိုက်​​စျေးဖြင်​့ ကမ်​းလှမ်​းဖို့ ပြင်​ဆင်​​နေခြင်​း​ကြောင်​့ ချယ်​ဆီးအသင်​းမှ ၎င်းအား တစ်​ပတ်​​ပေါင်​ သုံးသိန်​းထိ​ပေးဖို့ ပြင်​ဆင်​​နေခြင်​းဖြစ်​ပါတယ်​။

လက်​ရှိ ပရီးမီးယားလိဂ်​၌ အထူး​ခြေစွမ်​းပြ​နေသူ ဘဲလ်​ဂျီယန်​သား ဟာဇက်​အား 2022 ထိ စာချုပ်​သက်​တမ်​းထပ်​မံတိုးဖွယ်​ရှိ​နေပြီး အကယ်​၍ ဟာဇက်​အ​နေဖြင်​့ စာချုပ်​သစ်​အား လက်​ခံခဲ့ပါက ပရီးမီးယားလိဂ်​ရဲ့ လစာအများဆုံး ကစားသမားဖြစ်​လာမည်​ဖြစ်​ပါတယ်​။

Credit - Conia(တမူး)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။