Myanmar Idol Season1မှာ ဆုမရရှိပေမယ့် ပရိသတ်အားပေးမှုတွေရရှိထားတဲ့ M ဇော်ရိန် နဲ့ ပတ်သက်ပြီး လူမှုကွန်ရက်မှာ ဝေဖန်မှုတွေရှိနေပါတယ်။

ပဲခူးတိုင်းအနောက်ပိုင်းရွာလေးတစ်ရွာမှာ ဘုရားပွဲအတွက် Season 1 မှ ပြိုင်ပွဲဝင်တွေဖြစ်ကြတဲ့ မေကြည် ၊M ဇော်ရိန်နဲ့ ဇော်မင်းဦးတို့ကိုသီချင်းဆိုဖို့ ပွဲငှားခဲ့တယ်လို့သိရပါတယ်။

M ဇော်ရိန်က သီချင်းမဆိုပဲ လှည့်ပြန်ခဲ့တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖြစ်ကြောင်းကုန်စင်ကို ပြောပြထားတဲ့ ရွာသားတစ်ဦးက…

Myanmar Idol Season . 1 " မှ ငါ့ တူကြီး M ဇော်ရိန် ဆိုသူရေ. .

28.3.2017 အင်္ဂါနေ ့ညက တည်းစရာ hotel ဟိုတယ် မရှိလို ့ကားပေါ်မှ လမ်းဆင်းမလျှောက်ချင်၍ ပြန်လှည့်သွားတဲ့ ငါ့တူကြီးးရေ. .

ဘကြီးတို ့ရွာက ပဲခူးတိုင်းအနောက်ပိုင်းးနယ်စွန် စည်းမျဉ်းနဲ ့မကွေးတိုင်းး နယ်စ စည်းမျဉ်းဘေးကပ်ရပ်က မြောက်နဝင်းရွာသစ်ကြီးး( ကန်ကလေး )ဆိုတဲ့ ရွာလေးတစ်ရွာပါ.

ငါ့တူကြီးး M ဇော်ရိန်ရေ. . ငါ့တူကြီးကို ပွဲဌားးခဲ့တာ ဘုရားပွဲအတွက် သီဆိုဖျော်ဖြေပေးဖို ့အတွက် ပွဲဌားခဲ့တာပါကွယ်. .hotel ဟိုတယ် ဖွင့်ပွဲ အတွက် ပွဲဌားခဲ့တာမှ မဟုတ်တာ ငါ့တူရာ. . ငါ့တူကြီးက ဘကြီးတို ့ရွာ ရောက်လာပီးကာမှ " တည်းစရာ hotel ဟိုတယ် မရှိလို ့ ရန်ကုန်-မန္တလေး အမှတ် (၃) အမြန်ကားလမ်းမကြီးကနေ ဇာတ်ခုံအထိ ကိုက် ၅ဝလောက်ဝေးတာလေးကို ကားမောင်းဝင်မရလို ့ 

လမ်းဆင်းမလျှောက်ချင်လို ့ ပွဲ သီချင်းမဆိုတော့ဘူးပြောပီးး လှည့်ပြန်သွားလေရဲ ့. . " ကိုက် ၅၀ လောက် လမ်းဆင်းမလျှောက်ချင်တာများးငါ့တူကြီးရယ် ဘကြီးတို့ ရွာသားတွေကိုပြောရောပေါ့ကွယ်. . ဘကြီးတို ့ရွာသားတွေက ထမ်းစဉ်တို ့ တွန်းလှည်းတို ့နဲ ့စည်စည်ကားကား အရောက်ပို ့ပေးတက်တဲ့ရွာဓလေ့ ရှိသကွဲ ့. .ငါ့တူကြီးအတွက် အပျင်းပြေသီချင်းလေးတောင် ပိုပိုသာသာထည့်ဖွင့်ပေးလိုက်အုံးမယ်. .

ဟိုကွယ် ဘာတဲ့ . . မာမာအေးဆိုထားးတဲ့ " ဘဝသံသရာ " ဆိုတဲ့ အေးအေးညိမ့်ညိမ့်သီချင်းလေးလေကွယ် ငါ့တူကြီးသဘောကျမယ် ထင်ပါရဲ့ ကွယ်. . :-p ငါ့တူကြီးကို myanmar idol season 1 တုန်းက ရွာက လူငယ်တွေ ဝိုင်းစုပီး "ဘွတ် "ပေးခဲ့ကျတာတွေကိုမှ အားးမနာ. . အဲကွယ် မှားလို ့ Vote ပေးခဲ့ကျတာကိုမှ မထောက်ညုာ. .ရပ်ရွာကိုပါ အထင်သေးအမြင်သေးပီးးလှည့်ပြန်သွားလေရဲ ့ကွယ်. .

ငါ့တူကြီး ကို ဖတ်မိုးးထရံကာ ထားးတဲ့ တဲစုတ်မှာတော့ ပေးးမတည်းခိုခိုင်းရပါဘူးကွယ်. .ပေးနေလဲ နေမယ့်ရုပ်လားးကွကိုယ် ပြန်တွေးးလေ. . :-/ နှစ်ထပ်တိုက်အသစ်မှာ နေရချခင်းးပေးထားမယ်လို ့တော့ ဘကြီးထင်ပါနဲ ့. . ငါ့တူကြီး အဆင့်မြင့်မြင့် တည်းခိုချင်သပဆို ပြည်မြို ့နဲ့ ဘကြီးတို ့ရွာကလေးက ၁၄မိုင်သာသာလောက်ပဲ ဝေးကွာလှပါတယ်ကွယ်. .

ပြည်မြို ့ပေါ်မှာလေ နိူင်ငံခြားသား လို ့ခေါ်သံကြားဖူးတဲ့ အသားဖြုမလိုနဲ့ နီစပ်စပ်အရပ်ရှည်ရှည် လူကြီးတွေတောင် တည်းခိုနေတဲ့ အဆင့်မြင့် ဟိုတယ်ကြီးတွေမှ ရှိသပ. .ပေါမှပေါပါကွယ်. . ဘကြီးဆို ရွာကနေ ထော်လာဂျီ မောင်းသွားရင် မိနစ်နှစ်ဆယ်လောက်ဆို ပြည်မြို ့ကို ရောက်သပကွယ်. .

အေးလကွယ်. . ငါ့တူကြီးးသဘောကျအကြိုက်တွေ ့မယ့် အဆင်မြင့် ဟိုတယ်ကြီးတို ့ KTV ဆိုတာကြီးတို ့ မာလဆက် မာလစွတ် ဆိုတာကြီးတို ့ ညကလပ်ဆိုတာကြီးတွေက ဘကြီးတို ့တောရွာလေးမှာ မရှိလေဘူးကွယ့်. .တောသူတောင်သားလေးတွေမို ့ရိုးသားဖြူစင်ကျလေရဲ ့ကွယ် . အခုဆို တူကြီးးနာမည် ဘကြီးတို ့ရွာမှာ တော်တော်နာမည်ကြီးနေရဲ ့ကွယ်. . ( ဝေါ့ ဆိုတာကအစ . . ထွီ ဆိုတာက အဆုံးပေါ့ကွယ် စုံလို ့ပါကွယ်. ) နောက်များကွယ် ငါ့တူကြီး Mဇော်ရိန် နယ်ပွဲတို ့ရွာပွဲ တို ့ ပွဲဌားလက်ခံမယ်ဆိုရင် Hotel ဟိုတယ်ဖွင့်ပွဲလား ဘုရားပွဲလားးသေချာစီစစ်ပီးမှ လက်ခံပါကွယ်. .လူစကားကို သေချာနားလည်အောင် လေ့လာကွယ့်.

.နောက်ပီးသေချာမေးပါကွယ်. .ကျုပ်လို Mဇော်ရိန် နိူင်ငံကျော် အဆိုချော်ကြီးး အဲမှားလို ့ကွယ်. နိုင်ငံကျော်အဆိုတော်ကြီးးတည်းဖို ့ အဲကွန်းတပ် TV တပ် တည်းခိုခန်းအထပ်မြင့်ကြီး ဆောက်ထားပေးပီးပီလားးဆိုတာပေါ့ကွယ်. . ဘကြီးတို ့ရှစ်ရွာအုပ်စုပေါင်းရွာသူရွာသားတွေနဲ ့ ငါ့တူကြီး Mဇော်ရိန် ချစ်ပရိတ်သတ်တွေက တောင်းဆု မေတ္တာတွေပို ့သနေကျလေရဲ ့ကွယ်. . အဆိုတော်ကြီးး Mဇော်ရိန် တစ်ယောက် ကျန်းမာပါစေ ချမ်းသာပါစေ ဘေးရန်ကင်းပါစေဒီထက်မကအောင်မြင်ကျော်ကြားတဲ့ နိူင်ငံကျော် အဆိုချော် ကြီးတစ်ယောက်ဖစ်ပါစေကွယ်. .အခုလိုလုပ်ရပ်မျိုးတွေကြောင့် သေချာပါတယ်ကွယ် ငါ့တူကြီးအောင်မြင်ကျော်ကြားလာအုံးမှာပါ. . :-/ :-/

မင်း အထင်သေးပီး လှည့်ပြန်ထွက်သွားတဲ့ ရွာမှ ရွာသား. . ..

သတင်းအရင်းမြစ် Thadination

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။