ရန်ကုန်မြို့ လမ်းမတော်မြို့နယ်၊ အနော်ရထာလမ်းမပေါ် ၁၁ လမ်းနှင့် ၁၂လမ်းကြားတွင် မတ်လ ၂၈ ရက်နေ့ ည ၉နာရီ အချိန်က စုံတွဲတတွဲ စကားများရန်ဖြစ်ကြရာမှ အမျိုးသမီးဖြစ်သူမှ အဝတ်အစားများ ချွတ်ပြခဲ့သည့်ဖြစ်ရပ် ဖြစ်ပွားခဲ့ရာ လူတွေ အံအားသင့်ကုန်ကြရပါတယ် ။

သူမကိုယ်တိုင်ရော သူမနှင့်အတူတွေ့ရတဲ့ယောကျာင်္းတစ်ယောက်ကိုပါ ရဲတွေကဖမ်းဆီးသွားခဲ့ပြီး စစ်ဆေးရာမှာတော့

သူတို့နှစ်ယောက်ဟာ လင်မယားဖြစ်ပြီး မြောက်ဥက္ကလာပမြို ့နယ်တွင်နေထိုင်သူများဖြစ်ကြောင်းသိရှိရပါတယ် ။

ခင်ပွန်းက အလုပ်သွားရှာရာမှ အလုပ်မရသဖြင့် ပြသာနာတက်ကြရတယ်လို့သိရပါတယ် ။

လင်မယားအချင်းချင်းမို့ အမှုမဖွင့်လိုကြောင်းနှစ်ယောက်စလုံးရဲ့ ဆန္ဒအရ ခံဝန်ထိုးပြီးပြန်လွှတ်ပေးလိုက်ရကြောင်း ရဲစခန်းကသိရပါတယ် ။

အသက် ၃၀ ဝန်းကျင်ခန့်ရှိသောထိုလင်မယားအားမြင်တွေ့ခဲ့ရသည့် မျက်မြင်သက်သေများအဆိုအရ

“ကျွန်တော်သိရသလောက်ကတော့ ဆိုက္ကားစီးလာရင် ၁၁ လမ်းထိပ်မှာ ရန်ဖြစ်ကြတယ်။ အဲဒီမှာ ယောကျ်ားက အမျိုးသ မီးကို ထိုးလားကြိတ်လား လုပ်တယ်ပေါ့။ နောက်မကြာဘူး ရဲကားရောက်လာတယ်။ ရဲကားရောက်လာတော့ ကောင်မေ လးက သူ့ကို မုဒိန်းကျင့်ပါတယ်ဆိုပြီး ပြောတယ်။ ဒါနဲ့ ရဲကလည်း ကောင်လေးကိုလက်ထိပ်ခတ်ပြီး ကားပေါ်တင်တာပေါ့။

ကောင်မလေးက ဆေးကြောင်နေလားမသိဘူး။ ကောင်လေးကို လက်ထိပ်ခတ်တော့ သူတို့က လင်မယားတွေ။ သူ့ယော ကျင်္ားကို ပြန်လွှတ်ပေးဆိုပြီး ပြောတယ်။ ရဲက စခန်းကိုလိုက်ဖို့ပြောတယ်။ အဲဒီမှာ ကောင်မလေးက သူ့ယောကျာ်းကို မလွှ တ်လို့ဆိုပြီး အဝတ်အစားတွေ အကုန်လုံးချွတ်ပစ်တာ။ ကျွန်တော်တို့တောင် ကြောင်သွားတယ်။နောက်တော့ ကောင်မလေးက အဝတ်အစားမပါဘဲ ၁၁ လမ်းထိပ်ကနေ စံပြမီးပွိုင့်ဘက်ကို ပြေးသွားတယ်။ ဘုန်းကြီး လမ်းဘက်ကို ရောက်တဲ့အချိန်မှာ ရဲမေတဦးရောက်လာပြီးတော့ ခေါ်သွားတယ်” ဟုပြောကြားကြသော်လည်း တကယ်တမ်းမှာတော့ အဆိုပါအမျိုးသမီးဟာ

မူးယစ်ဆေးဝါးသုံးစွဲထားခြင်းမရှိကြောင်း ရဲစခန်းမှ ရဲမေတစ်ဦးကပြောကြားသွားပါတယ် ။

Source : new watch

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။