ဘီလီလမင်းအေး၏ bank account ၊ မြောက်ကမ္ဘာခြမ်း ၂၀၁၇ နွေရာသီခရီးစဉ် နှင့် နိုင်ငံကျော် Designer Myo Minn Soe ;


"ဟုတ်ကဲ့...messenger ကနေ တစ်မေးထဲမေးနေကြတဲ့...မြန်မာမီဒီယာဘော် ဒါ များ အားလုံးအတွက် (မီဒီယာသမားဟောင်းတစ်ယောက်အနေနဲ့ ကိုယ် ချင်းစာပြီး) တစ်ယောက် ချင်းကိုု ပြန်ပြောနေမယ့်အစား ဒီကနေပဲ အားလုံးကို ဖြေကြားပေးလိုက်ပါ တယ်။

ကျနော်သည် ဘီလီလမင်းအေးကို လုံးဝမမြင်ဖူး မသိဖူးသူ မိုင်တစ်တသောင်း လောက်အကွာအဝေးကနေ သူ့ရဲ့ အဆိုကောင်းခြင်းအသံကောင်းခြင်းတို့ကို ကြိုက်နှစ်သက် ထောက်ခံအားပေးသော fan တစ်ဦး နှင့် members ကိုးသောင်းကျော်ရှိတဲ့ Billy La Min Aye Fans Group (Myanmar Idol Season 2) facebook page က member တစ်ဦးသာ ဖြစ်ပါတယ်။

ဘီလီနဲ့ပတ်သက်တဲ့ info တွေ ဓါတ်ပုံတွေ အဲဒီက fb page ကနေ collect လုပ်ပြီး ကျနော် ့ wall မှာ share ပါတယ်၊ သတင်းပုံစံ feature ပုံစံ ပြန်ရေးပြီး mood လာတဲ့အခါ ကိုယ့် feeling နဲ့ ကိုယ် လွတ်လပ်စွာ ရေးချင်သလို ရေး တင်ပါတယ်။ ဒီလောက်ပါပဲ။

လူကြီးမင်းတို့လည်း ကျနော် ့လို ဘီလီနဲ့ပတ်သက်သမျှ စိတ်ဝင်စားရင် ကျနော်နဲ့ တကွ လူပေါင်း ကိုးသောင်းကျော် မိနစ်တိုင်းမှာ ရရှိနေကြတဲ့ ဘီလီ ရဲ့info တွေရ ရှိနိုင်အောင် အထက်ပါ group မှာ member ၀င်ထားကြဖို့ အကြံပြုတိုက်တွန်းပါတယ်။

အခုတော့ နေ့တိုင်းလာမေးနေကြတာကို ပထမဆုံးနဲ့ နောက်ဆုံးအနေနဲ့ ကျနော်သိသလောက် ဖြေပေးပါမယ်...

(၁) ဘီလီအတွက် (Myanmar Idol က ပေးတဲ့ Winner အတွက် ဆုထက် အဆ တစ်ရာဖြစ်အောင် - လူတစ်ယောက် ကျပ်တစ်သိန်းနဲ့ လူပေါင်း ၂သောင်း နဲ့ လိုက်စုပြီး ဘီလီကို ဆုချဖို့ ရည်ရွယ်ထားတဲ့) ကျပ်သိန်း၂သောင်း ပြည့်တဲ့အထိ target နဲ့ bank account ဖွင့်ပြီး လှုပ်ရှားနေတဲ့ fan တွေ ရှိသ လို..ကိုယ့်သူငယ်ချင်းမိတ်ဆွေလောက်နဲ့ပဲ လှုပ်ရှားနေတဲ့ fan တွေလည်း ရှိ ပါတယ်။

ဘီလီအတွက် တစ်ကိုယ်တော် series ထုတ်ပေးချင်တာတို့...မြန်မာပြည်အနှံ့ လှည့်တဲ့ musical concert tour တွေ လုပ်ပေးချင်တာတို့ ... ဘီလီအထိမ်းအ မှတ် လက်ဆောင်ပစ္စည်းတွေ ထုတ်လုပ်ချင်တာတို့ စတဲ့ ရည်ရွယ်ချက်တွေ အမျိုးမျိုးနဲ့ ဖြစ်ကြပါတယ်။

အခု Billy La Min Aye Fans Group (Myanmar Idol Season 2) facebook page ရဲ့ admin team က ဦးဆောင် ပြီး တောင်ကြီးမြို့က ကမ္ဘောဇနဲ့ ဧရာဝတီ ဘဏ်တွေမှာ acc တွေ ဖွင့်လိုက်ကြတာနဲ့ ပတ်သက်ပြီး ဘီလီနဲ့ဘီလီရဲ့ မိသားစု တွေကို မေးမြန်းခြင်း လုံးဝ (လုံးဝ) မလုပ်ကြဖို့နဲ့ သူတို့ကိုသာ လွတ်လပ်စွာ မေးနိုင်ပါကြောင်း အောက်ပါ အတိုင်း သူတို့ admin team က ကြေငြာထားပါ တယ်။ အဲတော့ ဒီ အကြီးဆုံးသော member ကိုးသောင်းကျော်ရှိတဲ့ fan group ကြီးရဲ့ admin team ကို ဆက်သွယ်မေးမြ န်းကြပါ။

QUOTE

Bank Account နဲ့ ပတ်သက်လို့ ..အသေးစိတ် သိရှိလိုသည်များ ကို Billy Lamin Ayeနှင့်​့မိသားစုဝင်များကို မေးမြန်​းဆက်​သွယ်ခြင်​းများ မပြုလုပ်​ပါရန်​ အနူးအညွ တ်​ မေတ္တာရပ်​ခံအပ်​ပါသည်​။

​အောက်​​ဖော်​ပြပါ တာဝန်​ရှိသူများထံကိုသာ လွပ်​လပ်​စွာဆက်​သွယ်​​မေးမြ​​န်​းနိုင်​ ပါသည်​ ။

(1) Ma N​ang Yuzana Lynn (Tgi)

(2) Ma Aye Aye Kyaw (Tgi)

(3) ကိုဗညားသိန်​း (+6598375333)

(4) Lua Mae. ( +6594573632)

(5) မယဉ်​ဝင်​းနွဲ့. @ fb တိမ် ပန်း ချီ ( 09-786452147)

(6) Saw Htet. (09-43125834 )

(7) Ma Khine Kyi Soe. ( 09-795825060)

(8) Kyaw Min Tun. ( 09-453694381)

(9) Min Thant Zin ( 09-456074616)

UNQUOTE

(၂) ဘီလီလမင်းအေး၏ မြောက်ကမ္ဘာခြမ်း ၂၀၁၇ နွေရာသီခရီးစဉ် Northern Hemisphere Summer Tour ကိစ္စ -

ကျနော်သည် အဆိုပါ tour ကို စီစဉ်သူ မဟုတ်ပဲ paper works များကိုသာ စီစဉ်ဆောင်ရွက်ပေးမည့် coordinator သာ ဖြစ်ပါသည်။

လာမည့် 2017 June တွင် ကျနော်စီစဉ်ကျင်းပမည့် အမေရိကားတွင် မွေးဖွား/နည်းအမျိုးမျိုးဖြင့် ရောက်ရှိကြီးပြင်းလာကြသည့် မြန်မာသွေးပါ အမေရိကန် မိန်းကလေးများနှင့် ပထမအကြိမ် Miss Myanmar USA Pageant ပြိုင်ပွဲ၏ အရေးကြီး ကဏ္ဍတစ်ခုဖြစ်သော Entertainment ဖျော်ဖြေရေးအတွက် မြန်မာနိုင်ငံမှ တိုင်းရင်းသား အဆိုတော်အနုပညာရှင် (၆) ဦးဖိတ်ကြားရေးကို ကျနော် ့ရဲ့ ပွဲအတွက် ငွေကြေးစိုက်ထုတ်ပေးကြမည့် sponsor အဖွဲ့က ဆုံးဖြတ်ခဲ့ပြီး အဆိုပါ အနုပညာရှင် ၆ ဦးထဲတွင် ဘီလီလမင်းအေးသည် တစ်ဦးအပါအဝင်ဖြစ်ပါသည်။

ပထမအကြိမ် Miss Myanmar USA Pageant ပြိုင်ပွဲကို အခုမှထပြီး စီစဉ်ခြင်း မဟုတ်ပဲ (Hollywood တွင် နှစ်စဉ်ကျင်းပသည့် Miss Asia USA Pageant ပြိုင်ပွဲ organizers အမေရိကန်များ၏ အကူအညီဖြင့်) ၂၀၁၆ နိုဝင်ဘာလမှ စတင်စီစဉ်ခဲ့ပြီး entertainment ကဏ္ဍအတွက် မြန်မာပြည်မှ အဆိုတော်များ ကို ဖိတ်ကြားမည်ဖြစ်ကြောင်း Los Angeles မြို့မှ ထုတ်ဝေသည့် Myanmar Gazette - 2017 February issue မှ အင်တာဗျူ းတွင် ဖြေကြားထားပြီး ဖြစ်ပါ သည်။

အမေရိကားရှိ မြန်မာနိုင်ငံမှ လာရောက်အခြေချနေထိုင်ကြသည့် တိုင်းရင်း သား အများဆုံး နေထိုင်ရာမြို့မှာ ကျင်းပရန်လျာထားသဖြင့် sponsor team မှ တိုင်းရင်းသား အဆိုတော်များကိုသာ ခိုင်မာသည့်အမေရိကန်အဖွဲ့အစည်း တစ်ခု၏ အကူအညီဖြင့် ဖိတ်ကြားရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ပါသည်။ (မခိုင်မာသည့် အဖွဲ့အစည်းမှ ဖိတ်ကြားလျှင် အခုလို အမေရိကန်ပြည်ဝင် ခွင့်ဗီဇာ ခက်ခဲကြပ်တည်း နေချိန်တွင် visa မရနိုင်ပါ)

ပထမအကြိမ် Miss Myanmar USA Pageant ပြိုင်ပွဲဖြစ်မြောက်စေလိုပြီး ၄င်းတို့ကိုယ်တိုင် အမေရိကားသို့ လာရောာက်လည်ပတ်ရင်း ဒီပြိုင်ပွဲအတွက် အစစ လိုအပ်တာအကူအညီပေးကြမည့် မြန်မာနိုင်ငံမှလုပ်ငန်းရှင် sponsor များမှ အဆိုတော် ၆ယောက်ကို ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။ ငွေကြေးကိစ္စများ တွင် ကျနော်မှ ပါ၀င်ခြင်း မပြုပဲ sponsor team မှာသာ စီမံခန့်ခွဲမည် ဖြစ်ပါ သည်။ (ကြော်ငြာဝင်ရလျှင် နောက်ထပ် အမေရိကားသို့ လာရောာက်လည် ပတ်ရင်း ဒီပြိုင်ပွဲအတွက် လိုအပ်တာအကူအညီပေးလိုသည့် မြန်မာနိုင်ငံမှ လုပ်ငန်းရှင် sponsor အလောင်းအလျာများကိုလည်း ကြိုဆိုပါသည်။ Miss Myanmar USA Pageant organizers များမှ ဖိတ်ကြားးပေးမည်ဖြစ်ပါသည်)

အမေရိကန်သံရုံးဗီဇာဝင်ရန် ဖိတ်ကြားစာများ စီစဉ်ရေးအတွက်နှင့် ယခုအခါ ဒီဘက်ကသာ ဖိတ်ကြားလိုပေမယ့် သူတို့ ဘက်က လာနိုင်မလာနိုင် ကိုလည်း အဆိုပါအဆိုတော် ၆ဦးထံ ဆက်သွယ်မေးမြန်းနေရာ၊ တစ်ဦးချင်း လွတ်လပ်သူ independent individual ဖြစ်သော အဆိုတော် ၂ဦးမှ 2017 June တွင် လာနိုင်မည်ဖြစ်ကြောင်း သိရှိရပြီး၊ နောက်ထပ် independent individual ၂ဦးအား ဆက်သွယ်၍ မရသေးပါ။ ဆက်သွယ်နေဆဲ ဖြစ်ပါသည်။

အဖွဲ့အစည်းထိန်းချုပ်မှုအောက်မှာရှိနေသည့် မလွတ်လပ်သော အဆိုတော်၂ဦး ကိုလည်း သူတို့ကို ထိန်းချုပ်ထားသည့်အဖွဲ့အစည်းနှင့် သူတို့ကြားမှ သဘောတူ ညီချက်များကို လေ့လာနေပြီး၊ အဆိုပါအဖွဲ့အစည်းမှတစ်ဆင့် ဖိတ်ကြားရေးကို လည်း စီစဉ်နေပြီ ဖြစ်ပါသည်။

ဘီလီမှ အမေရိကားသို့ ချောချောမောမောရောက်ရှိလာလျှင် ကျနော်၏ Miss Myanmar USA Pageant ပွဲတစ်ပွဲတွင်သာ ဘီလီသည် ကျန်အဆိုတော် (၅) ဦးနှင့်အတူ လက်မှတ်နှင့်ရုံသွင်း သည့်ဖျော်ဖြေရေးကဏ္ဍတွင် ပါ၀င်မည်ဖြစ် ပြီး၊ ကျန်သော အမေရိကား၏ အခြားမြို့များမှ မြန်မာနိုင်ငံဖွားတိုင်းရင်းသား များ၏ ဘီလီအား ဖိတ်ကြားမှုများနှင့် လှည့်လည်ရာတွင် လက်မှတ်မရောင်းပဲ free show အနေနှင့် ကျင်းပပြီး ကြွရောက်လာကြသော ပရိသတ်များမှ သူတို့ ချစ်သော ဘီလီလမင်းအေးကို ကိုယ်တိုင်ကိုုယ်ကျ မိမိတို့စိတ်ကြိုက် ဆုအမျိုးမျိုး တစ်ဦးချင်းမှ ချီးမြှင့်ကြမည့် အစီအစဉ်နှင့်သာ မိမိတို့မြို့အလိုက် မြို့ခံ မြန်မာ နိုင်ငံဖွားတိုင်းရင်းသားများမှ ပွဲစီစဉ်ကြမည်ဖြစ်ပါသည်။

ကျနော်သည် ဘီလီ၏ America Tour တွင် ပေါင်းစပ်ညှိနှိုင်းသူ coordinator အနေနှင့်သာ ပါ၀င်မည်ဖြစ်ပြိး အားလုံးသော အစီအစဉ်များမှာ မြို့ခံများ၏ တစ်မြို့ချင်း အစီအစဉ်များသာ ဖြစ်ပါသည်။

ဘီလီအတွက် Scandinavian Tour ကို Denmark နိုင်ငံမှ မြန်မာနိုင်ငံဖွား တိုင်းရင်းသားများက လည်းကောင်း၊ Japan Tour ကို ဂျပန်နိုင်ငံမှ မြန်မာနိုင် ငံဖွား တိုင်းရင်းသားများကလည်းကောင်း စီစဉ်ကြခြင်းဖြစ်ပြီး၊ ကျနော်မှ paper works များအတွက် coordinator အဖြစ်သာ အမေရိကားမှ လှမ်းပြီး ဆောင်ရွက်ပေးသူ ဖြစ်ပါသည်။

ဘီလီအတွက် ဥရောပ (၂၆) နိုင်ငံကို visa တစ်ခုထဲနှင့် သွားရောက်ခွင့် ရှိသော (Luxembourg နိုင်ငံမှ Schengen ရွာကလေးတွင် ဥရောပနိုင် ငံခေါင်းဆောင်များ သဘောတူညီခဲ့ကြသည့်) Schengen visa ရရှိရန် Denmark မှာ organizer များမှ စီစဉ်နေပါသည်။ http://www.schengenvisainfo.com/

အားလုံး အဆင်ပြေချောမွေ့လျင် ဘီလီသည် ခရီးလမ်းကြောင်းအရ အောက်ပါ အစီအစဉ်အတိုင်း တစ်မြို့ပြီးတစ်မြို့သို့ လှည့်လည်ရန် စီစဉ်ထားကြပါသည်။

(1) Tokyo (Japan)

(2) Honolulu (Hawaii)

(2) Los Angeles (California)

(3) Las Vegas (Nevada)

(4) Phoenix (Arizona)

(5) San Francisco (California)

(6) St. Paul (Minnesota)

(7) Fort Wayne (Indiana)(1st Miss Myanmar USA 2017 Pageant)

(8) Buffalo (New York)

(9) Albany (New York)

(10) New York City (New York)

(11) Baltimore (Maryland)(ညှိနှိုင်းဆဲ)

(12) Charlotte (North Carolina)

(13) Orlendo (Florida)

(14) Dallas (Texas)

(15) Copenhagen (Denmark) (အနီးးရှိ ကားနှင့်သွားနိုင်သော အခြား Scandinavia နိုင်ငံများ Netherlands, Norway, Sweden, Finland နိုင်ငံ များရှိ မြန်မာနိုင်ငံဖွား တိုင်းရင်းသားများရှိရာမြို့များသို့ Copenhagen မှ organizers များ၏ အစီအစဉ်အတိုင်း)

(16) Frankfurt (Germany) (ညှိနှိုင်းဆဲ)

(၃) ဘီလီလမင်းအေး၏ မြောက်ကမ္ဘာခြမ်း ၂၀၁၇ နွေရာသီခရီးစဉ် Northern Hemisphere 2017 Summer Tour အတွက် costumes sponsor ပေးထား သည့် အပြင် ဘီလီ၏ Stylist အဖြစ် အမေရိကား-ခရီးစဉ်တွင် အတူလိုက်ပါ မည့် Designer Myo Minn Soe ကို မေးမြန်းလိုသူများမှ ကျနော် ့ ထံမှာ ကိုမျိုး မင်းစိုး ၏ ဖုံးနံပါတ်ကို တောင်းနေကြမည့်အစား၊ ကိုမျိုးမင်းစိုးနှင့် ဘီလီလ မင်းအေးတို့ ပထမဆုံးအကြိမ်တွေ့ဆုံညှိနှိုင်းကြမည့် 2017 April 8 တွင် မန္တလေးမြို့ ကိုမျိုးမင်းစိုးထံ သို့ မီဒီယာများမှ ကိုယ့်စားရိတ်နှင့်ကိုယ် ကွကိုယ် ချီတက်ကြခြင်းဖြင့် ၂ဦးလုံးထံမှ မီဒီယာများအလိုချင်အတပ်မက်ဆုံး exclusive interview များ ရရှိနိုင်မည်ဟုလည်း ထင်မြင်ယူဆမိပါသည်။ မီဒီယာများကို သိပ်ကြီးအလိုလိုက် spoil မလုပ်လိုပါသဖြင့် ကိုမျိုးမင်းစိုးကို ကွကိုယ် ရအောင် ဆက်သွယ်ကြပါလို့စ်။

(၄) ကျနော်သည် - ဘီလီလမင်းအေးသည် Winner မဟုတ်သော်လည်း Idol ဖြစ်ကြောင်း - ကမ္ဘာနှင့်ချီ ပြသလိုသည့်သူများထဲမှာ ပါ၀င်သည့် သာမန်လူတစ် ဦး သာဖြစ်ပါသည်။"

Source - Thaw Nyain

Via@ Pwint Oo Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။