လိမ္မော်သီးစားပြီးတဲ့အခါ အခွံတွေကိုစွန် ့မပစ်သင့်ပါဘူး။

သူ ့ရဲ့ဘက်စုံအသုံးဝင်ပုံက အောက်ပါအတိုင်း အံ့မခန်းပါဘဲ။

လိမ္မော်ခွံ နဲ ့ ကျန်းမာရေး

(၁) အခွံအောက်လိမ္မော်သီးတွင် ကပ်နေသော ဖော့သားအဖြူရောင်မှာ bioflavonoids

နှင့် Pectin ဓာတ်တို ့ပါရှိနေကြပါတယ်။ ထိုဓာတ်များက သက်စောင့်ဆေးအဖြစ်

ကင်ဆာရောဂါ တို ့ကို တို်က်ဖျက်ပေးနို်င်သော အစွမ်းသတ္တိရှိ၍၊

အစာမျိုပြွန််၊ ခံတွင်း၊ အရေပြား၊ အဆုပ်၊ ရင်သား၊ အစာအိမ် နှင့် အူမကြီး

ကင်ဆာတို ့ကို တို်က်ထုတ်ပေးနိုင်ပါတယ််။

(၂) လိမ္မော်သီးအခွံကို နေ့စဉ်နဲနဲစီစားသုံးပေးခြင်းဖြင့်

သွေးထဲရှိမကောင်းသော ကိုလက်စထရောလ်(Low Density Lipoprotein-LDL) ပမာဏကို

၃၃ ရာခိုင်နှုန်း လျော့နည်းစေကြောင်း အမေရိကန် စိုက်ပျိုးရေးဌာန၏

အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားပါတယ်။

(၃) အစာမကျေ၊ လေနာ၊ လေချုပ်၊ နှင့် ခန္ဓာကိုယ်ရှိ အဆိပ်များကို

ဖယ်ရှားစေရန်အတွက် လိမ္မော်သီးကို မခွံမနွှာဘဲ လေးစိပ်ခွဲ၍

အရက်နှင့်စိမ်ပြီး နည်းနည်းချင်း သောက််ပေးသင့်ပါတယ်။

(၄) လိမ္မော်သီးအခွံခြောက် ၂ ဂရမ်ခန် ့ကို ရေ သုံးခွက်တစ်ခွက်တင်ကြို၍

သောက်သုံးပေးခြင်းဖြင့် နှလုံးရောဂါ အမျိုးမျိုးတို ့ကို သက်သာစေပါတယ််။

(၅) ဝမ်းလျှော ဝမ်းပျက်သူများဟာ လိမ္မော်ခွံအမှုန့်နှင့်

စပျစ်စေ့အမှုန့်ကိုဆတူရော၍ တနေ့သုံးကြိမ် လက်ဘက်ရည်ဇွန်း တစ်ဇွန်း

သောက်ပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။

(၆) လိမ္မော်သီး၏ အခွံရနံ ့ကိုယူကာ ဟင်းခတ်အမွှေးအကြိုင်၊

အိမ်သုံးဆေးဝါးများ နှင့် aromatherapy (ခေါ်) ရနံ ့ကုထုံးတို ့ တွင်ထဲ့သွင်းအသုံးပြုကြပါတယ််။

(၇) လိမ္မော်ခွံကို ပါးပါးလှီးပြီး၊ နေရာင်ခြည်တိုက်ရိုက်မကျဘဲ

အရိပ်ရသောနေရာတွင် အခြောက်ခံပြီးနောက်၊ အုန်းဆီ (သို့မ ဟုတ်)

နှမ်းဆီဖြင့် ဆီစိမ်၍ထည့်ထားပါ။ ရွှေဝါရောင်လိမ္မော်ဆီအဖြစ်

ပြောင်းလဲသွားပါလိမ့်မယ်။ ထို လိမ္မော်ဆီ၏ ဆေးစွမ်းကား အံ့မခန်းအသုံးဝင်လှပါတယ်။

(၈) AIDS ဝေဒနာရှင်များ၏ လျှာ၌ဖြစ်သော မှက်ခရုနာများအတွက်၊ လိမ္မော်ဆီကို

နားကျပ်သောဂွမ်းစနှင့်တို ့၍ သုတ်လိမ်း ပေးခြင်းဖြင့်ပျောက်ကင်းနိုင်ပါတယ််။

(၉) ခွဲစိတ်ထားသော ချုပ်ရိုးမှပြည်ပြန်တည်ပြီးမပျောက်ကင်းသောအနာများအတွက် စိတ်မပူပါနှင့်။ ကွမ်းရွက်မီးကင်၍လိမ္မော်ဆီသုပ်လိမ်းပြီး၊ကပ်ထားခြင်းဖြင့်ပျောက်ကင်းနိုင်ပါတယ်။(ရေလုံးဝမထိစေရပါ)

ဤနည်းအတိုင်း ၂-ရက်တစ်ခါအသစ်လဲပေးပါ။

(၁၀) ဆီပူလောင်နာ၊ ရေနွေးပူလောင်နာ၊ စက်ပစ္စည်းကြောင့်ပူလောင်နာ…စသည့်

အပူလောင်ခြင်းမျိူးမျိုးတို ့အတွက် လိမ္မော်ဆီ ရွှဲရွှဲစွတ်ပေးခြင်းဖြင့်၊

ယူပစ်သလိုပျောက်ကင်းစေပါတယ််။ အမာရွတ်မကျန်၊ အပူလောင် အရည်ကြည်ဖုများ

မထွက်စေပါ။ (ငှက် ပျောရွက်တွင် လိမ္မော်ဆီသုတ်၍ အသုံးပြုနိုင်ပါကပိုမိုအစွမ်းထက်၏)

(၁၁) ၀ဲနှင်းခူ အစို/အခြောက်များအတွက်၊ ကွမ်းရွက်မီးကင်၍ လိမ္မော်ဆီတို

့့ပြီး အနာပေါ်ကပ်ထားခြင်းဖြင့် ပျောက်ကင်းနိုင် ပါတယ်။ (ရေလုံးဝမထိစေရပါ)

(၁၂) ရင်ကျပ်တဲ့အခါ လိမ္မော်ဆီ၊ ကွမ်းရွက်သထ္ထုုရည်၊ ပရုပ်ဆီ(သို

့မဟုတ်)လင်ဇီးအနည်းငယ်ထည့်၍ ရင်ဘတ်နှင့် တစ်ကိုယ်

လုံးကိုခပ်ပါးပါးလိမ်းပေးခြင်းဖြင့်လက်ငင်းကောင်းကျိုးပြုပါတယ်။

(ကလေးသူငယ်များရော၊လူကြီးများပါသုံးစွဲနိုင်၏)

(၁၃) အကြောတင်း၊ အကြောရောင်၊ အကြောက်တက် စသည့် အကြောဝေဒနာအမျိုးမျိုးတို

့အတွက် လိမ္မော်ဆီကို ပရုပ်ဆီ လင်ဇီး(ဆေးအပူ)အနည်းငယ်ရော၍လိမ်းပေးနိုင်ပါတယ်။

(၁၄) အစာအိမ်နာ နှင့် ဗိုက်နာခြင်းများအတွက် လိမ္မော်ဆီကို

လိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်ပါတယ်။ အင်အားတိုး ပွား၍

အစာကြေစေရန်အတွက်ကိုလည်း လိမ္မော်ဆီ သောက်လို ့ရပါတယ််။

(၁၅) ကျီးကန်းပါးစပ်အနာများကို လိမ္မော်ဆီရွှဲရွှဲ သုတ်လိမ်းပေးခြင်းဖြင့်ပျောက်ကင်းနိုင်ပါတယ်။

< လိမ္မော်ခွံ နဲ ့ အလှအပ >

(၁) နေလောင်၍ အသားအရည်မွဲခြောက်ခြင်းနှင့် မစိုပြေခြင်းတို ့အတွက်

လိမ္မော်ဆီလိမ်းပေးခြင်းဖြင့် အသားအရည် ၀င်းပ၍ ဖြူစင်လှပလာစေနိုင်ပါတယ်။

(သို ့မဟုတ်) အသားရေ ဝင်းပချောမွတ်ပြီး လှပစေချင်ရင် လိမ္မာ်သီးခွံတွေကို

ရေချိုးနေစဉ် ကိုယ်တိုက်ရေမြုပ်အဖြစ် သုံးပေးပါ။

(လိမ္မော်ဆီကပိုးမွှားများကိုသေစေကာ၊ သန် ့ရှင်းစင်ကြယ်စေသောအာနိသင်ရှိသဖြင့်

လိမ္မော်ဆီဖြင့်ပြုလုပ်သော ကိုယ်တိုက် ဆပ်ပြာများ ထုတ်လုပ်နေကြပါပြီ)

(၂) မကြာခဏ ၀က်ခြံပေါက်ပြီး၊ အသားအရေမညက်ညောသူများဟာ

ညအိပ်ယာဝင်ခါနီးတိုင်း လတ်ဆတ်သော လိမ္မော်သီးခွံကို ချိုးညှစ်၍

ထွက်လာသောချွေးရည်ကို၊ ဆားနဲနဲထဲ့ပြီး သနပ်ခါးရည်ကျဲဖြင့် မျက်နှာအနှံ

့လိမ်းပေးခြင်းဖြင့် အသားအရေ ချောမွေ့ လာပါလိမ့်မယ်။

(၃) အသားပပ်ခြင်း၊ အသားကြမ်းခြင်းတို ့အတွက် လိမ္မော်ခွံကိုညှစ်၍လိမ်းပေးနိုင်ပါတယ်။

(၄) တင်းတိပ်ပေါက်သူများဟာ၊ လိမ္မော်ခွံကိုမီးဖြင့်ခေတ္တမျှ

အပူပေးပြီးနောက် ညှစ်၍ရလာသောချွေးရည်ဖြင့် တင်းတိပ်ပေါက် သော

နေရာများတွင် အသာအယာပွတ်ပေးခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်ပါတယ်။

(၅)မျက်နှာ၊ ခြေ၊လက်တို့တွင်အဖြူ၊အနီ၊အနက်စသောအကွက်များထွက်ပါကလိမ္မော်ခွံကို

နေရိပ်၌ခြောက်သွေ့အောင်လှန်းပြီး ရေဖြင့်သွေးလိမ်းပေးပါ။

တနေ့သုံးကြိမ် ခပ်ထူထူလိမ်းပေးရုံမျှဖြင့် ပျောက်ကင်းသွားပါလိမ့်မယ်။

(၆)ဆံရင်းအစပ်ဦးရေပြားအနှံ ့ယားနာပေါက်သူများအတွက်၊လိမ္မော်ရွက်ကိုထုထောင်း၍ပျားရည်နှင့်ရောစပ်ပြီး လိမ်းပေးခြင်း ဖြင့်သက်သာပျောက်ကင်းစေပါတယ်။

(၇) ခြေသည်း/လက်သည်းပိုးကိုက်ခံရသူများနှင့် ပွေး၊ နှင်းခူ၊ညှင်းပေါက်သူများစိတ်မပူပါနှင့်။ ထိုပွေးကွက်များကို လိမ္မော်ခွံနှင့်အသာအယာခြစ်ပေးပြီးနောက်၊ လိမ္မော်ခွံ လတ်လတ်ဆတ်ဆတ်ကို

အရည်ညှစ်လိမ်းပေးခြင်းဖြင့် အနာတဖြည်းဖြည်းပါးလာပြီး၊ လုံးဝပျောက်ကင်းစေနိုင်ပါတယ်။

< လိမ္မော်ခွံ နဲ ့အထွေထွေ >

(၁) လိမ္မော်ခွံကို အင်းဆက်ပိုးနှိမ်နင်းဆေးအဖြစ် အသုံးပြုနိုင်တာကြောင့်ခြင်၊ ပုရွတ်ဆိတ်တွေ နဲ့ ပိုးဖလံတွေ ၀င်လာတတ်တဲ့ နေရာတွေမှာလတ်လတ်ဆတ်ဆတ်လိမ္မာ်ခွံတွေကို ချထားပေးပါ။

(၂) အနံ ့အသက်မကောင်းတဲ့ အိတ်၊ သေတ္တာ နဲ ့ရှုးဖိနပ်တွေထဲကို

လိမ္မော်သီ်ခွံတွေ ထဲ့ပေးထားခြင်းဖြင့် အနံ ့ဆိုးတွေ ကိုစုပ်ယူပေးနိုင်ပါတယ်။

(၃) လိမ္မာ်သီးခွံကို အတန်ငယ်မီးအပူပေးခြောက်ပြီးနောက်

အဝတ်အိတ်ငယ်လေးတွေထဲ ထည့်ထားပါ။ ထိုအိတ်လေးတွေကို ရေ ချိုးခန်း၊

အဝတ်ထားခန်း၊ သန် ့စင်ခန်း(အိမ်သာ)စတဲ့ နေရာတွေမှာ

ချိပ်ဆွဲထားပေးခြင်းဖြင့် အနံ ့အသက်ကောင်းစေကာ၊ စိတ် ကိုကြည်လင်လန်းဆန်းစေပါတယ်။

(မှတ်ချက်) (က) စိုက်ခင်းများတွင် ပိုးသတ်ဆေးများ ပက်ဖျန်းလေ့ရှိရာ၊

စျေးမှဝယ်လာသော လိမ္မော်သီးတို ့ကို မစားသုံးမီဦးစွာ ပထမ

ရေစင်စင်ဆေးကြောသင့်ပါတယ််။ ဖြစ်နိုင်လျှင် အော်ဂဲနစ် သီးတို ့ကိုသာ

ရွေးချယ်ဝယ်ယူပါ။ (ခ) လတ်ဆတ်သော အသီးများဟာ အခန်းအပူချိန်တွင် ၂-ပတ်မျှ

အထားခံပါတယ်။ အကယ်၍ ကြာကြာခံစေရန်အတွက် ရေခဲသေတ္တာထဲမှာ သိမ်း လိုပါက၊

ဦးစွာ အသီးကိုရေခြောက်နေအောင်သုတ်ပါ။ (လိမ္မော်သီးတို ့ကို

အိတ်ဖြင့်အထူးတလည် သိမ်းဆည်းစရာမလိုပါဘူး၊ ချွေးထွက်ပြီးပုပ်လွယ်တတ်လို့ပါ)

(ဆောင်းပါးရှင်…ပေါက်ပေါက်...

ရေးသားမျှဝေသည်)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။