ဘောလုံးကွင်းပြင်ပက ပေါ့ဘာ ရဲ့ လူနေမီုပုံစံကြောင့် မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ မော်ရင်ညို က စိတ်ကုန်လာပြီလို့သိရပါတယ်။

အစက် ၂၄ နှစ်အရွယ် ပေါ့ဘာ ဟာ ပြီးခဲ့တဲ့နွေရာသီက ပေါင် ၈၉ သန်းနဲ့ ဂျူဗီကနေ ပြောင်းရွှေ့ခဲ့ပြီးနောက် သရဲနီ အသင်းမှာ အကောင်းဆုံးပုံစံရရှိသေးခြင်းမရှိပဲ ဖြစ်နေပါတယ်။

မော်ရင်ညို ဟာ ပေါ့ဘာ ရဲ့ပြင်ပ စီးပွားရေးကြော်ငြာ တွေနဲ့ လူနေမှုပုံစံကို စိတ်ပျက်လာနေပြီလို့သိရပါတယ်။

ပေါ့ဘာဟာ ရာသီအစပိုင်းက ပရီးမီးယားလိဂ်ကစားသမားတွေထဲမှာပထမဆုံးဖြစ်တဲ့ သူ့ရဲ့ကိုယ်ပိုင် emoji ကို ဆိုရှယ်လ်မီဒီယာတွေမှာ အသုံးပြုခဲ့သူဖြစ်ပါတယ်။

မော်ရင်ညို က ပေါ့ဘာရဲ့ ပြင်ပလူနေမှုစတိုင်ကို လျှော့ချပြီး ယူနိုက်တက်အတွက်သာ အာရုံစိုက်စေလိုနေပါတယ်။

ပေါ်တူဂီ သား က ပေါ့ဘာ ရဲ့ အကောင်းဆုံးပုံစံကို သက်သေမပြနိုင်ရင် ပွဲထွက်ခွင့်ပေးတော့မှာမဟုတ်ဘူးလို့သတိပေးခဲ့တယ်လို့သိရပါတယ်။

လက်ရှိအချိန်မှာ ပေါ့ဘာဟာ ဒူးကောက်ကြောဒဏ်ရာကြောင့် လာမည့် ဝက်စ်ဘရွန်း နဲ့ပွဲမှာ ပါဝင်နိုင်ဖွယ်မရှိဘူးလို့သိရပြီး ယူနိုက်တက်ဟာ ပြိုင်ပွဲလေးရပ်အတွက် ပွဲကြပ်ကာလကိုရောက်ရှိနေပြီဖြစ်တယ်လို့သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။