ပရိတ်သတ်ကြီးရေ မင်းဦးဆိုတာလည်း တစ်ခေတ်တစ်ခါက အောင်မြင်တဲ့ မင်းသားတစ်လက်ပါပဲ။ယခုချိန်ထိအောင်မြင်မှု့က မကျသွားပဲ ပရိတ်သက်တွေရဲ့ အားပေးမှု့ကိုရရှိနေဆဲပါ။ချောမောဆဲ ဖြစ်တဲ့ ရုပ်ရည်ဟာဆိုရင်လည်း ခန့်ညားနေပါသေးတယ်။မင်းဦးရဲ့ သရုပ်ဆောင်ချက်တွေကလည်း အရင်အတိုင်းမလျော့သွားသော အိုင်တင်တွေနဲ့ ပိုပိုပြီး ကောင်းလာပါတယ်။မင်းဦးရဲ့ တည်ငြိမ်တဲ့ အပြုအမှု အပြောအဆိုတွေကလည်း ရင့်ကျက်နေတဲ့ ပုံစံပါ။

မင်းဦးက ချစ်ဇနီးချောလေးကို သွားလေရာခေါ်သွားပြီး အရမ်းချစ်တတ်တဲ့ သူတစ်ယောက်ပါနော်။သူတို့ဇနီးမောင်နှံက အသက်အရွယ်တော်တော်ကွာဟပေမယ့် တစ်ယောက်ကိုတစ်ယောက် နားလည်မှု့တွေ မလျော့သောချစ်ခြင်းတွေနဲ့ ပြည့်နှက်နေလို့ အရမ်းကို သာယာတဲ့ အိမ်ထောင်ရေးတစ်ခုပါ။ယောကျာ်းသားထုကြီးက အသက်ငယ်ငယ်ဇနီးချောချောလေးကို ဘယ်လိုများရှာလိုက်လဲဆိုပြီး မင်းဦးရဲ့ လျှို့ဝှက်ချက်ကို သိချင်နေကြတာပါ။

မင်းဦးကတော့ ယခုချိန်ထိလည်း အနုပညာအလုပ်တွေကို တစ်စိုက်မက်မက်လုပ်ဆောင်နေပြီး အရင်ကထက်လည်း ပိုမိုတည်ကြည်ခန့်ညားလာပါတယ်နော်။သူတို့ဇနီးမောင်နှံနှစ်ယောက်က စိတ်တူကိုယ်တူဖြစ်လို့ သဘောထားတွေကလည်း နှစ်ကိုယ့်တစ်စိတ်လိုပါပဲနော်။အခုဆိုရင်တော့ မင်းဦးတို့ ဇနီးမောင်နှံက မအူပင်မြို့ ကိုသွားရောက်ပြီး ဗုဒ္ဓဘိသေက စေတီတော် အုတ်မြစ်ချပွဲမှာ ဆရာတော်ဘုရားကြီးတွေနဲ့ အတူတူ အလှူအတန်းတွေပြုလုပ်ခဲ့တဲ့ ပုံရိပ်လေးတွေကို မျှဝေလိုက်ပါတယ်နော်။

Source:Min Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။