နေ့စဉ်နီးပါးကြားသိနေရတဲ့ သတင်းဆိုးကြီးတွေထဲမှာ ယာဉ်တိုက်မှုနဲ့ ယာဉ်တိမ်းမှောက်မှုသတင်းတွေက အများဆုံးပါဝင်နေပြီး နေရာအနှံ့အပြားမှာ နေ့စဉ်နီးပါးဖြစ်ပွားလျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ ယာဉ်တိမ်းမှောက်မှုတွေထဲမှာ သာမာန်ယာဉ်များနဲ့အတူ ဘုရားဖူးယာဉ်တွေလည်း မကြာခဏတိမ်းမှောက်လေ့ရှိတာတွေ့ရပါတယ်။ ဒီကနေ့ မတ်လ ၁၈ရက်နေ့မှာလည်း ဘုရားဖူးယာဉ်တစ်စီး တိမ်းမှောက်မှုပြင်းထန်ခဲ့ကြောငး သိရပါတယ်။  

အဆိုပါ ဘုရားဖူးယာဉ်တိမ်းမှောက်မှုကတော့ ဒီကနေ့ မတ်လ ၁၈ရက်နေ့ မကြာသေးမီအချိန်က ကနီမြို့နယ် အလောင်တော်ကသပ ချောင်းမကြီးအထက် မှာဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ၎င်းတိမ်းမှောက်ယာဉ်ပေါ်တွင် ဘုရားဖူးခရီးသည် ၄၀ နီးပါး ပါဝင်ခဲ့ပြီး သေဆုံးသူများပြားခဲ့ကြောင်း ကနဦးသတင်းများအရသိရပါတယ်။  

အဆိုပါ ချောင်းမကြီးအထက်ချောက်ထဲ ထိုးကြခဲ့တဲ့ ဘုရားဖူးယာဉ်ကိုတော့ ချောင်းကမ်းနားမှာတွေ့ရှိခဲ့ရပြီး သေဆုံးသူတွေကို ရှာဖွေလျှက်ရှိကြောင်း သိရပါတယ်။ ဆိုးဆိုးရွားရွားဖြစ်ပေါ်ခဲ့တဲ့ ဒီကနေ့ ဘုရားဖူးယာဉ်တိမ်းမှောက်မှုပုံရိပ်တွေနဲ့အတူ ယာဉ်မောင်းညီအကိုတွေသတိပြုမောင်းနှင်နိုင်စေရန် မျှဝေပေးလိုက်ပါတယ်။

Photos - TUN TUN WIN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။