အာဆင်နယ်ဂိုးသမား လက်ရှိနာပိုလီဂိုးသမား အော့စပင်နာဟာ နာပိုလီနဲ့အူဒီးနီးတို့ယှဉ်ပြိုင်ကစားနေရင်း ပြိုင်ဖက်တိုက်စစ်မှုးနှင့်ဆိုးရွားစွာထိခိုက်မှုတဲ့ဒဏ်ကြောင့် သတိရလစ်ပီး ဆေးရုံကိုအရေပေါ်ရောက်သွားရတဲ့အခြေနေထိဖြစ်သွားခဲ့ပါတယ်။ ပွဲအစ (၅)မိနစ်မှာပဲ ပြိုင်ဖက်တိုက်စစ်ကစားသမားရဲ့ ဒူးခေါင်းနဲ့ သူ့ရဲ့ခေါင်းကို တိုက်မိခဲ့တာဖြစ်ပြီး ဦးခေါင်းကို ပတ်တီးစီးကာ ဆက်လက် ကစားခဲ့တာပါ။

နောက်မှာတော့ ကွင်းအတွင်းလဲကျသွားခဲ့တာဖြစ်ပြီး အသက်မရှူ မျက်လုံမပွင့်ဘဲ အသက်ဆုံးရတော့မလိုဖြစ်ခဲ့တာကြောင့် ပရိသတ်တွေစိုးရိမ်ခဲ့ရပါတယ်။ ပရိသတ်တွေကတော့ သေကန်မရောက် သက်မပျောက်ဘဲ ဆေးရုံသာရောက်သွားခဲ့ရပြီး ကံကောင်းသူကြီးလို့ အမည်တပ်နေကြပါတယ်။  

အခုတော့ အာဆင်နယ်ဂိုးသမား လက်ရှိနာပိုလီဂိုးသမား အော့စပင်နာဟာ ဆေးရုံမှာ ပြန်လညိသက်သာလာနေပြီဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ ပရိသတ်တွေအတွက် နာပိုလီဂိုးသမား အော့စပင်နာရဲ့ ဆိုးရွားစွာထိခိုက်မှုတဲ့ဒဏ်ကြောင့် သတိရလစ်ရတဲ့ ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်။

SOURCE: THESUN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။