အမေများအဖွဲ့ဟာ့အနုပညာလမ်းကြောင်းပေါ်မှာ ဆယ်စုနှစ်မကလျှောက်လှမ်းလာခဲ့ပြီး အောင်မြင်မှုများစွာရရှိပိုင်ဆိုင်ထားတဲ့ ချစ်စရာကောင်းလွန်းတဲ့ အဖွဲ့လေးပါ။ နှစ်တိုင်းသြင်္ကန်ရောက်ပီဆိုရင်လည်း သူတို့အဖွဲ့မပါရင်ပွဲမစည်လောက်အောင်ပင် သြင်္ကန်ရဲ့မင်းသမီးကြီးများလည်း ဖြစ်ကြပါတယ်။ 

ဒီနှစ်သြင်္ကန်မှာလည်း အရင်နှစ်တွေလိုပဲ နယ်လှည့်ဖျော်ဖြေဖို့ရှိတယ်လို့လည်းသိရပါတယ်။ အမေများအဖွဲ့ဟာ မြန်မာ့ရိုးရာ အမွေအနှစ်ကိုထိန်းသိမ်းတဲ့အနေနဲ့မြန်မာအကကို ကရခြင်းဖြစ်ပါတယ်လို့လည်းပြောထားပါသေးတယ်။

အမေများအဖွဲ့ဟာအနုပညာတွေအတွက်ကြိုးစားယုံသာမကနောင်လာနောင်သာလေးအတွက်ပါရိုးရာယဉ်ကျေးမှုတွေကိုမပျောက်ပျက်အောင်လုပ်ဆောင်ပေးနေသူတွေပါ။ဗီဒီယိုဈေးကွက်ပျက်သွားခဲ့လို့ရိုက်ကူးမှုတွေမရှိတော့ပေမယ့်တက်နိုင်တဲ့ဘက်ကနေအနုပညာတွေနဲ့ပရိသတ်တွေကိုဖျော်ဖြေပေးသူတွေပါ။တစ်ဖက်ကဝမ်းဆာအတွက်အခက်ခဲတွေကြားထဲကသူတို့ရဲ့စကားသံလေးတွေကိုလည်းပရိသတ်တွေသိရှိဖို့အတွက်videoလေးကိုတင်ဆက်ပေးလိုက်ပါတယ်နော်။

Source - Myanmarload TV 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။