တစ်ခေတ်တစ်ခါ မြန်မာဗီဒီယိုရုပ်ရှင်လောကရဲ့ လူကြိုက်များသော သရုပ်ဆောင်မင်းသမီးဖြစ်ခဲ့ပြီး အခုအချိန်ထိ ပရိသတ်တွေရဲ့ အားပေးမှု များစွာရရှိထားတဲ့ မအေးသောင်းကိုသိကြမယ်ထင်ပါတယ်နော်...။ အပျိုကြီးမမကတော့ အသက်အရွယ်ရင့်ကျက်လာတာနဲ့ အလှတွေတိုးပွားလို့နေပါတယ်..။ ကိုကို၊ မောင်မောင်တွေရဲ့ အားပေးမှုကို အများဆုံးရရှိထားတဲ့ နိုင်ငံကျော်မင်းသမီးတစ်ယောက်ဖြစ်ပါတယ်..။

"မုန်းစွဲ" ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ဇာတ်ရုပ်ပိုင်နိုင်စွာ ပါဝင်သရုပ်ဆောင်ခဲ့တာကို ပရိသတ်တို့အနေနဲ့ မြင်တွေ့ကြရမှာပါ....။ သူမရဲ့လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ဆက်လက်ရိုက်ကူးနေပြီး၊ ရုပ်သံဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးနေတာဖြစ်ပါတယ်။ ကြော်ငြာ တွေမှာလည်းအများဆုံးတွေ့မြင်ရမှာဖြစ်ပြီး၊ ဖွင့်ပွဲအခမ်းအနားတွေကိုလည်းတက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းအနုပညာရှင်ထဲက တစ်ဦးအပါအဝင်ဖြစ်ပါတယ်....။

မအေးသောင်း ဟာဆိုရင် ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင်လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှုအမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း မြန်မာ အင်္ကျီဝမ်းဆက်လေးနဲ့ ကျက်သရေရှိ ဂုဏ်တင့်တယ်လှပနေပြီး "ဆုမတောင်းဖြစ်တော့ပါဘူး ကိုယ့်ကိုမချစ်တဲ့သူ အနားမှာရှိနေဖို့ ဆုမတောင်းဖြစ်တော့ပါဘူး မင်းရည်းစားကို မေ့ပါစေလို့ ဆုမတောင်းဖြစ်တော့ပါဘူး မနက်ဖြန်တိုင်းမှာတွေ့ကြရဖို့ အရှိအတိုင်းလေးပဲ လက်ခံလိုက်တယ် ကိုယ့်ဆုတောင်းတွေပြည့်ရင် မင်းဝမ်းနည်းမှာမို့...." ဆိုတဲ့ အလွမ်းအဆွေးစာသားလေးကို သူမရဲ့ official facebook acc တွင်ထုတ်ဖော်ပြသထားပြီး Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...။

Source Aye Thaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။