ဒီဖြစ်ရပ်လေးကတော့ တရုတ်နိုင်ငံ စီချွမ်ပြည်နယ်က ရထားဘူတာတခုမှာဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်လေးပဲဖြစ်ပါတယ်။

၎င်းစီချွမ်ပြည်နယ်မှာပြေးဆွဲနေတဲ့ ရထားတွေဟာမှာဆိုရင်လည်း အချိန်တိုင်းလိုလို ခရီးသည်တွေနဲ့ပြည့်နေပြီး တချို့လူတွေဟာဆိုရင် လူကြီးသူမတွေ ကိုယ်ဝန်သည်တွေကိုတောင် ထိုင်စရာနေရာမပေးချင်ကြပါဘူး။

ဒါ့ကြောင့် ၎င်းအမျိုးသားတွေက ထိုသို့သောသူတွေကို ပညာပေးချင်လိုတဲ့စိတ်နဲ့ ကိုယ်ဝန်သည်တွေလို ပြုလုပ်လာပြီး ရထားပေါ်ကို တက်လာခဲ့ကြတာပဲဖြစ်ပါတယ်။

ဒါ့အပြင် သူတို့ရဲ့အင်္ကျီတွေမှာလည်း ကိုယ်ဝန်သည်တွေကို စာနာထောက်ထားပေးကြဖို့ စာတွေကိုရိုက်နှိပ်လာခဲ့တာတွေ့ရပါတယ်။

အဲ့ဒီနောက်မှာတော့ လူအုပ်ကြားထဲတိုးဝှေ့ကာ ထိုင်စရာနေရာတောင်းဆိုပြီး ဝင်ထိုင်ကြတဲ့အခါမှာဆိုရင်လည်း တချို့သောသူတွေရဲ့ မျက်မှောင်ကြုတ်ပြီး ကြည့်တဲ့အကြည့်တွေကို ခံခဲ့ရပါတယ်။

ဒီအမျိုးသားတွေ အခုလိုပြုလုပ်ရတဲ့အဓိက အကြောင်းရင်းကတော့ အများပြည်သူသုံး ပို့ဆောင်ဆက်သွယ်ရေးတွေမှာ ကိုယ်ဝန်သည်တွေကို ဦးစားပေးဖို့ ၊ ကိုယ်ချင်းစားပေးကြဖို့ပဲဖြစ်ပါတယ်။

၎င်းအမျိုးသားတွေရဲ့လုပ်ရပ်ကို နားလည်သဘောပေါက်ကြတဲ့ ခရီးသွားပြည်သူတွေကတော့ ဓတ်ပုံတွေဝိုင်းရိုက်ကာ ကောင်းချီးပေးခဲ့ကြပြီး လူမှုကွန်ယက်ပေါ်မှာလည်း ပြန်လည်မျှဝေကာ သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ဝန်သည်တွေကို စာနာထောက်ထားပေးကြဖို့ ဝိုင်းဝန်းတိုက်တွန်းပေးခဲ့ကြပါတယ်။

ပရိသတ်တွေလည်း ဒီအမျိုးသားတွေရဲ့လုပ်ရပ်ကို အတုယူပြီး ဘတ်စ်ကားပေါ်မှာပဲဖြစ်ဖြစ် ရထားပေါ်မှာပဲဖြစ်ဖြစ် သက်ကြီးရွယ်အိုတွေ ၊ ကိုယ်ဝန်သည်တွေနဲ့ ကြုံကြိုက်လာတဲ့အခါ စာနာထောက်ထားသောအားဖြင့် ထိုင်စရာနေရာလေးတစ်နေရာလောက် ဖယ်ပေးကြပါလို့ တိုက်တွန်းလိုက်ပါရစေ။

Source _ NextShark

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။