ဒီဖြစ်ရပ်လေးကတော့ အကြောင်းစုံကိုသိရှိလိုက်ရတဲ့အခါမှာ တကယ့်ကို ရယ်ရခက်ငိုရခက်စေနိင်တဲ့ဖြစ်ရပ်လေးတခုပါပဲ။

ဖြစ်ပွားခဲ့ပုံကတော့ Li Tan ဆိုတဲ့ကောင်မလေးဟာ သူမရဲ့ကောင်းလေးကို အချစ်ကြီးပြီး သဝန်အရမ်းတိုတတ်သူတဦးပဲဖြစ်ပါတယ်။

သူမဟာ သဝန်းအရမ်းတိုလွန်းတာကြောင့် ချစ်သူကောင်လေး De Wu အပေါ်မှာ သံသယစိတ်တွေ အရမ်းကြီးပြီး နေလာရင်းနဲ့ တနေ့မှာတော့ De Wu ဟာ အိမ်ကိုစောစောပြန်လာမယ်ပြောပြီး နောက်ကြမှပြန်လာမီခဲ့ပါတယ်။

ဒါ့ကြောင့် Li Tan ဟာဆိုရင် ချစ်သူကောင်လေးအပေါ်မှာ သံသယတွေများကာ ဖောက်ပြန်နေတာဖြစ်မယ်ဆိုပြီး ဒေါသအကြီးအကျယ်ထွက်ခဲ့ပါတယ်။

ဒါ့ကြောင့် လက်စားပြန်ချေမယ်လို့ တွေးပြီး အနီးနားမှာရှိတဲ့ စတိုးဆိုင်ကနေ အမျိုးသမီး လစဉ်သုံးပစ္စည်းတွေဝယ်ပြီး ချစ်သူကောင်လေးရဲ့ကားမှာ နေရာအပြည့်ကပ်ထားခဲ့ပါတယ်။

ဒါ့နဲ့တင်မကျေနပ်နိုင်သေးတဲ့ Li Tan ကတော့ ၎င်းကားကို ဓာတ်ပုံရိုက်ပြီး လူမှုကွန်ယက်ပေါ်မှာလည်း တင်ခဲ့ပါသေးတယ်။

သို့ပေမယ့် တကယ်တော့ De Wu အိမ်ပြန်နောက်ကျခဲ့တာဟာ သူမထင်ထားသလို ဖောက်ပြန်နေတာကြောင့် မဟုတ်ပါဘူး … သူမအတွက် မွေးနေ့ပါတီတခုကို မသိအောင် စီစဉ်နေတာကြောင့် အိမ်ပြန်နောက်ကျခဲ့တာပဲဖြစ်ပါတယ်။

သူအိမ်ပြန်နောက်ကျလို့ Li Tan က ကားကိုအမျိုးသမီးလစဉ်သုံးပစ္စည်းတွေကပ်ပြီး လက်စားချေခဲ့တာကို သိတဲ့အခါမှာလည်း De Wu ဟာ စားသောက်ဆိုင်ပိုင်ရှင်ကို သက်သေထားပြီး ရှင်းပြခဲ့တဲ့အခါမှာတော့ သူတို့နှစ်ဦးဟာ ပြန်လည်ပြေလည်သွားခဲ့ပါတယ်။

သို့ပေမယ့် ဒီဖြစ်ရပ်ကို အကြောင်းစုံသိရှိသွားတဲ့လူတချို့ကတော့ ကိစ္စတခုကိ သေချာမသိဘဲနဲ့ အခုလောက်ထိ မလုပ်သင့်ပါဘူးလို့ ပြောကြားနေပေမယ့် ချစ်သူကောင်မလေး Li Tan ကိုအရမ်းချစ်တဲ့ De Wu ကတော့ ကျွန်တော်သူ့ကို စိတ်မဆိုးပါဘူး ဒါပေမယ့် ဒီကားကိုတော့ ကျွန်တော် ဘယ်တော့မှ ပြန်မစီးတော့ပါဘူးလို့ ရယ်မောပြောဆိုခဲ့ကြောင်း သိရပါတယ်။ 

SOURCE – METRO

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။