ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာနဲ့ ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကတော့ အများအပြားပါပဲနော်..။

ပရိသတ်တွေရဲ့ အချစ်တွေနဲ့ ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကျွမ်းကျင်မှုတွေကြောင့် ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေရရှိထားတဲ့ ထိပ်တန်းအနုပညာရှင်တွေထဲမှာ ချစ်သက်လေးလို့ အားလုံးကချစ်နိုးခေါ်ကြတဲ့ မင်းသမီးချောသက်မွန်မြင့်ကလည်း အပါအဝင်ပါပဲ..။

ပရိသတ်တွေနောက်ထပ်မြင်တွေ့ရမယ့် ချစ်သက်လေးရဲ့ အမိုက်စားရုပ်ရှင်ဇာတ်ကားကြီးကတော့ မြင်နေကျပုံစံလေးတွေကွဲထွက်နေကာ အကြမ်းအရမ်းတွေနဲ့ အမြင်တစ်မျိုးလေး သရုပ်ဆောင် ရိုက်ကူးထားတာမို့ ချစ်သက်လေးရဲ့ ပရိသတ်တွေအပြင် ပရိသတ်တွေကိုအားလုံးကို အကြိုက်တွေ့စေမှာပါနော်..။

ပရိသတ်တွေအကြိုက်နဲ့ ထပ်တူကျစေမယ့် ချစ်သက်လေးရဲ့ အမိုက်စား ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ကတော့"သခင်ကြီးနဲ့ငါးပိတို့စရာ" ရုပ်ရှင်ဇာတ်ကားကြီးကတော့ မြင်နေကျ အနုအရွကာရိုက်တာတွေနဲ့ ကွဲထွက်နေပြီး အနုအရွအကြမ်းအရမ်းတွေကို တစ်စုတစ်စည်းတည်း မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်နော်..။

"သခင်ကြီးနဲ့ ငါးပိတို့စရာ" ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာစတီးလ်က ပုံဖေည်ရိုက်ကူးထားပြး သက်မွန်မြင့်၊ ထွန်းကိုကို၊ နေရဲ၊ ရွှေသမီးတို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး အခြားအနုပညာရှင်များစွာလည်း ပါဝင်သရုပ်ဆောင်ထားကြတာ တွေ့ရပါတယ်နော်..။

ဖိုက်တင်အက်ရှင်တွေနဲ့ ချစ်သက်လေးကို မြင်တွေ့ရမယ့် "သခင်ကြွးနဲ့ ငါးပိတို့စရာ" ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရုံတင်ပြသရက် မရရှိသေးတာမို့ အမြန်ဆုံးရုံတင်ပြသနိုင်ဖို့ အားပေးဝန်းရံလိုက်ရအောင်နော်..။

Photo - သခင်ကြီးနဲ့ငါးပိတို့စရာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။