မြန်မာ့လက်ဝှေ့လောကကို ကမ္ဘာ့ကသိအောင် ပြသနိုင်ခဲ့တဲ့ မြန်မာ့လက်ဝှေ့ဖိုက်တာတွေထဲမှာ တွေ့မရှောင်ကတော့ ထိပ်တန်းစာရင်းဝင်သူတစ်ဦးလည်းဖြစ်တာတွေ့ရပါတယ်။ တချိန်ကမြန်မာ့လက်ဝှေ့ဖိုက်တာကြီးများစွာကို ထိုးသတ်အနိုင်ယူခဲ့ပြီး တွေ့မရှောင်ဆိုတဲ့ နာမည်တစ်လုံးကို စိုက်ထူနိုင်ခဲ့သူတစ်ယောက်လည်းဖြစ်ပြီး ယနေ့အထိ လက်ဝှေ့လောကမှာနာမည်ရနေပြီး သူ့ရဲ့ ပွဲစဉ်တိုင်းက နောင်လာနောင်သားတွေကို အားအင်ဖြစ်စေခဲ့တာတွေ့ရပါတယ်။  

တွေ့မရှောင်ကတော့ ပြည်တွင်း နာမည်ကြီးလက်ဝှေ့ဖိုက်တာများစွာရဲ့ လေးစားအားကျရသူတစ်ယောက်ဖြစ်ပြီး တချိန်ကလက်ဝှေ့လောကရဲ့ ဖိုက်တာများစွာကိုလည်း အလဲထိုးအနိုင်ရရှိထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒါအပြင် တွေ့မရှောင်ကတော့ ပြည်ပဖိုက်တာများစွာကို စိန်ခေါ်ထိုးသတ်ဖူးသူတစ်ယောက်ဖြစ်ပြီး နိုင်ပွဲများစွာနဲ့ မြန်မာလက်ဝှေ့ကို ကမ္ဘာကသိအောင်ပြသနိုင်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ အဆိုပါ ပြည်ပနိုင်ငံတွေမှာ သွားရောက်ထိုးသတ်ခဲ့တဲ့ တွေ့မရှောင်ရဲ့ ထိုးပွဲတွေထဲမှာ ပြိုင်ပွဲတစ်ပွဲကတော့ ယနေ့အထိ သမိုင်းဝင်လျှက်ရှိတာတွေ့ရပါတယ်။  

၎င်းပြိုင်ပွဲကတော့ သြစတေးလျနိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပွဲကောင်းတစ်ပွဲဖြစ်ပြီး သန့်သန့်ရှင်းရှင်းထိုးသတ်ပုံတွေနဲ့ အမိုက်စားထိုးကွက်တွေကြောင့် ပြည်တွင်း လက်ဝှေ့ချစ်ပရိသတ်တွေတောင်သာမက ပြည်ပနိုင်ငံသားတွေပါ လေးစားခြင်းခံခဲ့ရတာတွေ့ရပါတယ်။ မြန်မာ့လက်ဝှေ့ကမ္ဘာကသိအောင် ပြသခဲ့တဲ့ တွေ့မရှောင့်ရဲ့ သမိုင်းဝင်ပြိုင်ပွဲတစ်ပွဲကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Vide0 - Ko thet Kheing Mwd

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။