မြန်မာ့လက်ဝှေ့လောကကို ကမ္ဘာ့ကသိအောင် ပြသနိုင်ခဲ့တဲ့ မြန်မာ့လက်ဝှေ့ဖိုက်တာတွေထဲမှာ တွေ့မရှောင်တာထိပ်တန်းစာရင်းဝင်သူတစ်ဦးလည်းဖြစ်ပါတယ်။ တချိန်ကမြန်မာ့လက်ဝှေ့ဖိုက်တာကြီးများစွာကို ထိုးသတ်အနိုင်ယူခဲ့ပြီး တွေ့မရှောင်ဆိုတဲ့ နာမည်တစ်လုံးကို စိုက်ထူနိုင်ခဲ့သူတစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။ ယနေ့အထိ လက်ဝှေ့လောကမှာနာမည်ရနေပြီး သူ့ရဲ့ ပွဲစဉ်တိုင်းက နောင်လာနောင်သားတွေကို အားအင်ဖြစ်စေခဲ့တာပဲဖြစ်ပါတယ်။   

''သတ်ကိုးသတ် ဘုရင်''လို့ တင်စားခံရတဲ့ တွေ့မရှောင်က တော့ လက်ရှိ မြန်မာ့လက်ဝှေ့လောကမှ အနားယူခဲ့ပြီး ချစ်ပရိသတ်တွေနဲ့ အဝေးဆုံးကိုရောက်ရှိခဲ့တာပဲဖြစ်ပါတယ်။ တချိန်က မြန်မာ့လက်ဝှေ့လောကမှာ ပြိုင်စံရှားဖိုက်တာတစ်ဦးဖြစ်တဲ့အပြင် နိုင်ငံတော်ကချီးမြှင့်တဲ့ ဆုတွေနဲ့အတူ နိုင်ငံတကာက လေးစားမှုတွေကိုပါ သိမ်းပိုက်နိုင်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ မြန်မာ့လက်ဝှေ့လောကမှ အပြီးပိုင်အနားယူခဲ့တဲ့ တွေ့မရှောင်ရဲ့ ထိုးသတ်မှု ဗီဒီယိုဖိုင်တွေနဲ့ မှတ်တမ်းတွေကတော့ ယနေ့အထိသမိုင်းဝင်နေဆဲဖြစ်ပါတယ်။  

အလဲထိုးဘုရင်လို့ တင်စားခေါ်ဝေါ်ခြင်းခံခဲ့ရတဲ့ တွေ့မရှောင်လက်ဝှေ့ဟန်ရေးပြဗီဒီယိုဖိုင်လေးကတော့ ပရိသတ်တွေကြားမှာရေပန်းစားခဲ့တာတွေ့ရပါတယ်။ အဆိုပါ ဗီဒီယိုဖိုင်လေးကတော့ လက်ဝှေ့လောကမှ အနားယူပြီး လက်ဝှေ့ပြိုင်ပွဲတစ်ခုတွင် သွားရောက်ပြသခဲ့တဲ့ ဗီဒီယိုဖိုင်လေးဖြစ်ပြီး နည်းစနစ်မှန်မှန်နဲ့ သူမတူအောင် ပြသခဲ့ပုံလေးကတော့ လက်ဝှေ့ေ လာကမှာ ထိုးသတ်ခဲ့တဲ့ တွေ့မရှောင်ကို ပြန်လည်လွမ်းမိမှာအမှန်ပဲဖြစ်ပါတယ်။ လက်ဝှေ့လောကမှ အနားယူခဲ့ပေမယ့် လက်ဝှေ့ကို ယနေ့ထိမြတ်နုးတန်ဖိုးထားတယ်ဆိုတဲ့ အလဲထိုးဘုရင်တွေ့မရှောင်ရဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Vide0 - Tun Tun Min

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။