ကမ္ဘာ့အဓိကဘာသာကြီးလေးခုဖြစ်တဲ့ ခရစ်ယာန်၊ ဟိန္ဒူ၊ အစ်စလာမ်နှင့် ဗုဒ္ဓဘာသာကိုတော့ အားလုံးသိရှိကြမယ်ထင်ပါတယ်။ အခြားယုံကြည်ကိုးကွယ်မှုများစွာရှိနေပေမယ့်လည်း အဆိုပါ ဘာသာကြီးလေးခုကတော့ အဓိက လူအများဆုံးကိုးကွယ်လျှက်ရှိတဲ့ ဘာသာတွေလည်း ဖြစ်ပါတယ်။ အဆိုပါ ယုံကြည်ကိုးကွယ်မှုဘာသာတရားတွေနဲ့ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးရှိ လူတန်းစားများစွာကတော့ မိမိစိတ်တိုင်းကြ ပြောင်းလဲမှုတွေပြုလုပ်လျှက်ရှိတာတွေ့ရပါတယ်။ ဆိုပါ ပြောင်းလဲမှုတွေထဲမှာ ဗုဒ္ဓဘာသာမှ အခြားဘာသာတွေကို ပြောင်းလဲခဲ့သူတွေရှိခဲ့သလို အခြားဘာသာတွေမှလည်း ဗုဒ္ဓဘာသာဝင်အဖြစ်ပြောင်းလဲခဲ့သူတွေလည်းများစွာရှိခဲ့တာတွေ့ရပါတယ်။  

ကမ္ဘာ့နိုင်ငံအသီးသီက ဗုဒ္ဓဘာသာနိုင်ငံတွေထဲမှာ လူသိများ ဗုဒ္ဓဘာသာမြန်မာနိုင်ငံသို့ လာရောက်လေ့လာသူတွေကတော့များစွာရှိနေပြီး တစ်နှစ်ထက်တစ်နှစ်ပိုမို တိုးတက်လျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာတဲ့ နိုင်ငံခြားသားအများစုကတော့ သာသနာ့အရိပ်အောက်သို့ ဝင်ရောက်လေ့ရှိပြီး နေ့စဉ်တရားကျင့်မှုတွေနဲ့ ဖြတ်သန်းလေ့ရှိတာလည်း တွေ့ရပါတယ်။ ပြည်တွင်းနိုင်ငံခြားသားအများစုရဲ့ သာသနာ့ပြုကျောင်းတွေထဲမှာ မော်လမြိုင်ဖားအောက်တောရကျောင်းကတော့ လူသိအများဆုံးပဲဖြစ်ပါတယ်။  

ဆရာတော်ဘုရားကြီးရဲ့ အရိပ်အာဝါရအောက်မှာနေထိုင်ရင်း သာသနာကို လေ့လာနေသူတွေနဲ့ သာသနာ့ဘောင်သို့ ဝင်ရောက်သူတွေကတော့ မရေမတွက်နိုင်အောင်များပြားလှတာတွေ့ရပါတယ်။ ပြည်တွင်း ဖားအောက်တောရကျောင်းသို့ လာရောက်သာသနာပြုကြတဲ့ နိုင်ငံခြားသားအချို့ရဲ့ ပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

pHOTOS - အရှင်ဗုဒ္ဓဃောသ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။