အာဆီယံ ယူ၁၈ ပြိုင်ပွဲ၊ အာရှ ယူ၁၉ ခြေစစ်ပွဲဝင်မည့်ပဏာမ မြန်မာယူ၁၈အသင်း နှင့် ရတနာပုံအက်ဖ်စီတို့ ခြေစမ်းမည်ကစားမည်ဖြစ်ကြာင်းသိရှိရသည်။

ပဏာမ မြန်မာယူ၁၈ အသင်းအနေဖြင့် ပြီးခဲ့တဲ့ဧပြီလ တစ်ရက်နေ့ နံနက်ပိုင်းက ရန်ကုန်ယူနိုက်တက် ယူ၂၁ အသင်းနှင့် YUSC မြက်ခင်းတုဘောလုံးကွင်းတွင် ခြေစမ်းပွဲ ကစားခဲ့ရာ ထက်ဖြိုးဝေ၊ ပြည့်စုံနိုင်တို့က တစ်ဂိုးစီ သွင်းယူနိုင်ခဲ့သဖြင့် မြန်မာယူ၁၈ အသင်းက (၂-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါ ခြေစမ်းပွဲစဉ်တွင် မြန်မာယူ၁၈အသင်းသည် ကစားသမား (၂၀)ဦးထိ စမ်းသပ် အသုံးပြုခဲ့သည်။ 

လာမည့် ဧပြီလ ၅ရက်နေ့ ညနေ ၆နာရီခွဲ အချိန်တွင် သုဝဏ္ဏဘောလုံးကွင်း၌ ခြေစမ်းပွဲအဖြစ် MNL ကလပ် ရတနာပုံအက်ဖ်စီနှင့် ပဏာမ မြန်မာယူ၁၈အသင်းတို့ ထပ်မ့ခြေစမ်းကစားမည်ဖြစ်သည်။ ပဏာမ မြန်မာယူ၁၈အသင်းသည် ဗီယက်နမ် ဖိတ်ခေါ်ဖလား သွားရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိခြင်းကြောင့် အဆိုပါခြေစမ်းပွဲများကစားခြင်ဖြင့် အတွေ့အကြုံကောင်းများရရှိရန် ရည်ရွယ်ထားရှိသည်။

၂၀၁၇ ဧပြီလ ၁၁ရက်နေ့မှ ၂၂ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ၊ နာထရန်မြို့တွင် ကျင်းပမည့် အသက် (၁၉)နှစ်အောက် နိုင်ငံတကာ ဖိတ်ခေါ်ဖလား ပြိုင်ပွဲတွင်် မြန်မာယူ၁၈အနေဖြင့် အသင်းကောင်းများ ဖြစ်ကြသည့် အိမ်ရှင် ဗီယက်နမ် ယူ၁၉၊ HAGL Arsenal JMG ယူ၁၉ အသင်း၊ တရုတ်တိုင်ပေ ယူ၁၉၊ ကိုရီးယားကလပ် Gwangju FC ယူ၁၈ တို့နှင့် အုပ်စုပတ်လည် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။  

မြန်မာယူ၁၈ အသင်းသည် လာမည့် စက်တင်ဘာနှင့် အောက်တိုဘာလတို့တွင် ကျင်းပမည့် အာဆီယံ ယူ၁၈ ပြိုင်ပွဲ၊ အာရှ ယူ၁၉ ခြေစစ်ပွဲတို့အတွက် ပဏာမ ကစားသမား (၅၀)ကျော်ဖြင့် ကာလရှည် စခန်းသွင်း လေ့ကျင့်နေသည့် အသင်းဖြစ်ပြီး လက်ရှိအချိန်တွင် မြန်မာယူ၁၈အသင်းအနေနှင့် MNL2 စီနီယာလိဂ်ပြိုင်ပွဲနှင့် MNL U20 ပြိုင်ပွဲတို့တွင် ဖီးနစ်(က)၊ (ခ) အသင်းအမည်တို့ဖြင့် နှစ်သင်းခွဲကာ ယှဉ်ပြိုင်လျက်ရှိသည်။

Source – MFF

AYK 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။