AFC Women’s Asian Cup Jordan 2018 ခြေစစ်ပွဲ အုပ်စု (ဃ) အဖွင့်ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် အီရန် လက်ရွေးစင် အမျိုးသမီးအသင်းတို့ ယနေ့ နေ့လည် မြန်မာစံတော်ချိန် ၂နာရီ ၃ဝမိနစ်အချိန်တွင် ဟနွိုင်းမြို့ရှိ Vietnam YFTC Field No.3 တွင်ယှဉ်ပြိုင်ကြရာမြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းမှ ဂျူလိုင်ကျော် နှင့် ဝင်းသိင်္ဂီထွန်း တို့၏ သွင်းဂိုးတို့နှင့်အတူပွဲဦးထွက် အနိုင်ရရှိခဲ့ပါတယ်။ပွဲဦးထွက်မှာ မြန်မာအသင်းအနေနဲ့ပွဲအစ ၄မိနစ်မှာပဲဂျူလိုင်ကျော် က ဦးဆောင်ဂိုးသွင်းခဲ့သလို ပထမပိုင်း၄၅မိနစ်ပြည့်ချိန်နောက်ပိုင်း လေလွင့်အချိန်ပို ၃မိနစ်မှာတော့ ဝင်းသိင်္ဂီထွန်းက ဒုတိယမြောက်ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့ အီရန်အမျိုးသမီးလက်ရွေးစင်အသင်းနှင့်မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ဂိုးသွင်းယူခြင်းမရှိဘဲ

ပွဲအပြီးမှာအီရန် ၀-၂ မြန်မာ ရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ 

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် အမျိုးသမီး အာရှဖလားခြေစစ်ပွဲ အုပ်စု (ဃ)တွင်ကျရောက်နေပြီး အိမ်ရှင် ဗီယက်နမ်၊ အီရန်၊

စင်ကာပူ၊ ဆီးရီးယား အသင်းများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ခြေစစ်ပွဲစဉ်များကို ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် ၂၀၁၇ ဧပြီ ၃ ရက်နေ ့မှ ၁၂ ရက်နေ ့အထိ လက်ခံကျင်းပသွားမည်ဖြစ်ပြီး အုပ်စု ပထမအသင်း တစ်သင်းသာ ၂၀၁၈ အမျိုးသမီးအာရှဖလား ခြေစစ်ပွဲအောင်မည် ဖြစ်သည်။ 

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း အမည်စာရင်း

==========================

အဖွဲ့ခေါင်းဆောင် - ဒေါ်မြတ်မြတ်ဦး

နည်းပြချုပ် - Reijners Roger

လ/ထ နည်းပြ - ဒေါ်သက်သက်ဝင်း

လ/ထ နည်းပြ - ဦးအောင်နိုင်

ဂိုး နည်းပြ - ဦးကိုကိုအောင်

အသင်းဆရာဝန် - ဒေါ်ယုနန္ဒာထွန်း

အကြောကျွမ်းကျင် - ဦးထွန်းဇော်

အသင်း မီဒီယာ - ဦးအောင်သော်ဖြိုး

ဂိုး - မြဖူးငုံ ၊ မေဇင်နွယ်၊ ဇာဇာမြင့်

နောက်တန်း - ခင်သန်းဝေ ၊ ငယ်ငယ်ထွေး ၊ ဇင်မာထွန်း ၊ လဲ့လဲ့လှိုင် ၊ ဇင်မာဝင်း ၊ ဖူးပွင့်ခိုင် ၊ဝေဝေအောင် ၊ အေးအေးမိုး ၊ ခင်မာလာထွန်း

အလယ်တန်း - စန်းစန်းမော် ၊ နော်အားလိုဝါးဖော ၊ ခင်မိုမိုထွန်း ၊ ရူပါခိုင် ၊ အေးမျိုးမြတ်

ရှေ့တန်း - မေသူကျော် ၊ ဂျူလိုင်ကျော် ၊ ဝင်းသိင်္ဂိထွန်း ၊ လှယဉ်ဝင်း ၊ ရီရီဦး ၊ ခင်မိုးဝေ

Source: MFF

AYK 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။