ကမ္ဘာ့အဓိကဘာသာကြီးလေးခုဖြစ်တဲ့ ခရစ်ယာန်၊ ဟိန္ဒူ၊ အစ်စလာမ်နှင့် ဗုဒ္ဓဘာသာကိုတော့ အားလုံးသိရှိကြမယ်ထင်ပါတယ်။ အခြားယုံကြည်ကိုးကွယ်မှုများစွာရှိနေပေမယ့်လည်း အဆိုပါ ဘာသာကြီးလေးခုကတော့ အဓိကလူအများဆုံးကိုးကွယ်လျှက်ရှိတဲ့ ဘာသာတွေဖြစ်တာကိုတော့ အားလုံးလက်ခံကြမှာပါ။ အဆိုပါ ယုံကြည်ကိုးကွယ်မှုဘာသာတရားတွေနဲ့ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးရှိ လူတန်းစားများစွာကတော့ မိမိစိတ်တိုင်းကြ ပြောင်းလဲမှုတွေပြုလုပ်လျှက်ရှိတာတွေ့ရပါတယ်။   

ပြည်ပကမ္ဘာ့နိုင်ငံကြီးတွေထဲမှာ ခရစ်ယာန်ဘာသာကိုးကွယ်မှုတွေနဲ့အတူ ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သူတွေလည်းများစွာရှိနေပြီး နိုင်ငံအဓိကဘာသာကြီးအဖြစ်ကိုးကွယ်နေတာတွေလည်းရှိတာတွေ့ရပါတယ်။ အဆိုပါ နိုင်ငံကြီးတွေထဲမှာ ကမ္ဘာ့ထိပ်သီးနိုင်ငံကြီးအဖြစ်ရပ်တည်နေတဲ့ ရုရှားနိုင်ငံလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ရုရှားနိုင်ငံရဲ့ အဓိကဘာသာကြီးကတော့ ခရစ်ယာန်ဘာသာဖြစ်ပေမယ့်လည်း ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သူတွေနဲ့ သာသနာ့နွယ်ဖွားတွေကလည်း မရေမတွက်နိုင်အောင် များပြားလျှက်ရှိပါတယ်။  

ရုရှားနိုင်ငံသမ္မတ ပူတင်ကလည်း ဗုဒ္ဓဘာသာကို လွတ်လပ်စွာကိုးကွယ်ခွင့်ပေးထားပြီး ကိုယ်တိုင်လည်း ယုံကြည်သူတစ်ယောက်ဖြစ်ကြောင်း သိရပါတယ်။ လေးစားလောက်အောင်တွေ့မြင်ရတဲ့ ရုရှားနိုင်ငံမှာ ဗုဒ္ဓဘာသာမျိုးနွယ်စုတွေရဲ့ ပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Photos - The Light payer

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။