ကမ္ဘာ့ နပန်း ကြိုးဝိုင်း အတွင်းမှာ သုဘရာဇာ (The Undertaker) ဆိုတဲ့ အမည်နဲ့ နာမည်ကြီးသူ မာ့ခ်ဝီလျံကာလဝေး တယောက် အနားယူပါတော့မယ်။ လက်ရှိအချိန်မှာတော့ မာ့ခ်ဝီလျံကာလဝေး အသက် က ၅၂ နှစ်ရှိနေပါပြီ။နပန်းသမား အဖြစ် ဆယ်စုနှစ် ၃ စု ဖြတ်သန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေည WrestleMania 33 ပြိုင်ပွဲ အပြီး The Undertaker ဟာ သူ့ရဲ့ လက်အိတ်၊ ဦးထုပ်နဲ့ ကုတ်အင်္ကျ ီ ရှည် တွေကို ကြိုးဝိုင်းအလယ်ခေါင်မှာ လွှတ်ချခဲ့ပြီး သူ အနားယူမယ်တော့မယ် အကြာင်းပြသခဲ့တာပါ။ 

သူဟာ အဲဒီပြိုင်ပွဲရဲ့ အဓိကပွဲမှာလည်း Roman Reigns ကို ရှုံးနိမ့်ခဲ့ပါတယ်။ The Undertaker အနားယူတော့မှာကို နပန်း ဝါသနာရှင် ပရိသတ်တွေကအွန်လိုင်းမှာ သူ့နာမည်ကို #tag ပြုပြီး#ThankYouTaker ကျေးဇူးတင်ကြောင်း နှုတ်ဆက်ဂုဏ်ပြုနေကြပါတယ်။

Source – The Sun

AYK 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။