အလာစကာ ပြည်နယ်ရှိ ကင်နီကော့သည် တစ်ချိန်က ကြေးနီသတ္ထုတွင်းများရှိခဲ့သော်လည်း ယခုအခါတွင် စွန့်ပစ်ခံ တစ္ဆေမြို့တစ်မြို့အဖြစ် တည်ရှိနေပါတယ်။ ကင်နီကော့ကြေးနီ ကော်ပိုရေးရှင်းသည် ကြေးနီကို တောင်တန်းများမှ ထုတ်ယူ၍ အခြား တစ်ဘက်တွင် သန့်စင်ခဲ့ကာအမေရိကန် ဒေါ်လာ သန်း ၂၀၀ တန်ဖိုးရှိသည့် ကြေးနီများကို ၁၉၁၁ ခုနှစ်မှ ၁၉၃၈ အကြား ထုတ်လုပ် နိုင်ခဲ့ပါတယ်။

ကြေးနီ လုပ်ငန်း ထွန်းကားခဲ့ချိန်တုန်းကဆိုရင် ကင်နီကော့၌ အလုပ်လုပ်သူ ၆၀၀ ခန့်ရှိခဲ့ကာ ဆေးရုံ၊ စတိုးဆိုင်၊ စာသင်ကျောင်း၊ စကိတ်ကွင်း၊ တင်းနစ်ကွင်းနှင့် မွေးမြူရေးခြံတို့ရှိခဲ့ပြီး စဉ်ဆက်မပြတ် တိုးတက်မှုတွေရှိခဲ့ပါတယ်။ သို့သော်လည်း ၁၉၂၀ ပြည့်နှစ်တွင် ကြေးနီ ထုတ်ယူနိုင်မှုကျဆင်းခဲ့ကာ ကုန်ကျစရိတ်များတိုးတက်လာပြီး အမြတ်အစွန်း လျော့ကျလာခဲ့သဖြင့် ၁၉၃၈ ခုနှစ်တွင် ကြေးနီ လုပ် ငန်း ကို ပိတ်သိမ်းခဲ့ပါတယ်။

ယခုအခါတွင် ကင်နီကော့ သည် အမျိုးသား အထိမ်းအမှတ်ဥယျာဉ်တစ်ခုအဖြစ် ရပ်တည်နေပြီး မြို့အတွင်းလမ်း လျှောက်နိုင်သည့် ခရီးစဉ်ကတော့ ကင်နီကော့ သို့ လာရောက်လည်ပတ်ကြသူများ ကို ဆွဲဆောင်လျက်ရှိနေပါတယ်။ သို့သော်လည်း အနီရောင် စက်ရုံအဆောက်အုံဟောင်းကြီးကို တွေ့ချင်တယ်ဆိုရင်တော့ လမ်းညွှန်ကိုခေါ်ပြီး သွားရမှညပဲ ဖြစ်ပါတယ်။

Source : Thutaswalzone

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။