မြန်မာ့လက်ဝှေ့လောကမှာ ပေါ်ထွန်းခဲ့တဲ့ ရိုးရာလက်ဝှေ့ချန်ပီယံကြီးတွေကတော့ သာမာသတ္တိမျိုးနဲ့ရရှိခဲ့သူမရှိခဲ့တာအားလုံးသိမယ်ထင်ပါတယ်။ ထိုးပွဲပေါင်းများစွာထိုးသတ်နိုင်ခဲ့ပြီး အဆင့်ဆင်ကျော်ဖြတ်မှုများစွာပြုလုပ်ခဲ့ရတဲ့ အဆိုပါ ချန်ပီယံကြီးတွေရဲ့ ပွဲကောင်းတွေကလည်း ပရိသတ်တွေကို ယနေ့အထိပြန်လည် သတိရစေမှာ အမှန်ပဲဖြစ်ပါတယ်။  

အဆိုပါ မြန်မာ့လက်ဝှေ့ချန်ပီယံကြီးတွေထဲမှာတစ်ယောက်အပါအဝင်ဖြစ်တဲ့ လက်ဝှေ့ချန်ပီယံ မိုးသီးကို တော့ လက်ဝှေ့ချစ်ပရိသတ်အချို့သာ မှတ်မိကြမယ်ထင်ပါတယ်။ ပြင်းထန်တဲ့လက်သီးချက်တွေကြောင့် လူသိများခဲ့ပြီး အဆုံးသတ်ကောင်းတဲ့ ပွဲကောင်းများစွာကိုလည်း ထိုးသတ်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။  

အဆိုပါ မြန်မာ့လက်ဝှေ့ချန်ပီယံမိုးသီးကတော့ ယာဉ်မတော်တဆမှုကြောင့်ကွယ်လွန်ခဲ့ရပြီး ယနေ့ချိန်ထိသူရဲ့ ထိုးသတ်ပွဲတွေကတော့ ထင်ကျန်နေဆဲဖြစ်ပါတယ်။ ပြိုင်စံရှားဖိုက်တာတစ်ဦးဖြစ်သလို ရွှေခါးပတ်ချန်ပီယံ ဆုကိုလည်း နှစ်အတော်ကြာထိန်းသိမ်းထားနိုင်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ လက်ဝှေ့ချစ်ဝါသနာရှင်တွေ သိရှိနိုင်ဖို့ မြန်မာ့လက်ဝှေ့ချန်ပီယံ မိုးသီးရဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါတယ်။

vIDE0 - ပိုင်စိုးထက်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။