ပြည်တွင်းနာမည်ကြီးအဆိုတော်ကြီးတွေထဲမှာ ယနေ့ထိ လူကြိုက်သူတွေထဲမှာ လေးဖြူကတော့ ထိပ်ဆုံးမှာရှိနေပါတယ်။ တေးသီများစွာကို သီဆိုထားသူတစ်ယောက်ဖြစ်ပြီး ယနေ့အထိပရိသတ်တွေရင်ထဲ စွဲထင်နေတဲ့ တေးသီချင်းတွေကတော့ များစွာရှိနေပါတယ်။ အဆိုပါ လေးဖြူရဲ့ ကောင်မြင်မှုသီချင်းတွေထဲမှာ ယနေ့အထိလူကြိုက်များသီချင်းတွေကတော့ မရေမတွက်နိုင်အောင်ရှိနေဆဲဖြစ်ပါတယ်။  

အသံပါဝါကောင်းပြီး ရိုးသားဖြူစင်သူတွေဖြစ်တာကြောင့် လက်ရှိ ပြည်တွင်းအဆိုတော်တွေရဲ့ ရှေ့ဆောင်လမ်းပြသူတစ်ဦးဖြစ်သလို အဆိုတော်သစ်များစွာကိုလည်းမွေးထုတ်ပေးခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ အဆိုတော်လေးဖြူရဲ့ တေးသီချင်းတွေကို ပြန်လည်သီဆိုမှုတွေကတော့ များစွာရှိနေပြီး အဆိုပါ သီဆိုမှုတွေထဲမှာ ပြည်ပနိုင်ငံခြားသားများလည်း ပါဝင်ခဲ့တာတွေ့ရပါတယ်။  

လေးဖြူရဲ့ " ခရီးအဆုံးထိ" သီချင်းကို တယော ဂီတာတို့ဖြင့် လိုက်ဖတ်ညီအောင်သီဆိုသွားတဲ့ အဆိုပါနိုင်ငံခြားသားတွေရဲ့ ဗီဒီယိုဖိုင်လေးကတော့ ပရိသတ်တွေကြားမှာရေပန်းစားခဲ့တာတွေ့ရပါတယ်။ ဗမာသံ မပီတပီဖြင့် သီဆိုခဲ့တာဖြစ်ပေမယ့်လည်း သံစဉ်နဲ့ သီချင်းကို အပိုင်အနိုင်သီဆိုနိုင်သူတွေလည်းဖြစ်ပါတယ်။ လေးစားစရာကောင်းတဲ့ အဆိုပါ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Vide0 - Lay Phyu & Y Wine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။