ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားအရှေ့ပိုင်း Yakutsk ကနေ ထွက်ခွာလာတဲ့ လေယာဉ်ကြီးဟာ ရွှေချောင်း ၉တန်အပါအဝင် ပလက်တီနမ် စိန်တွေကို တင်ဆောင်လာခဲ့ပါတယ်။ သို့သော်လည်း လေယာဉ်ချို့ယွင်းမှု ရုတ်တရက်ဖြစ်ပေါ်လာပြီး လေယာဉ်တံခါး ပွင့်ထွက်သွားခဲ့ပါတယ်။

အဆိုပါလေယာဉ်တံခါးပွင့်ထွက်သွားမှုကြောင့် ရွှေချောင်းတွေ စိန်တွေနဲ့ ပလက်တီနမ်တွေဟာ မြေပြင်ပေါ်ကျဆင်းခဲ့ပါတယ်။ အဆိုပါလေယာဉ်မတော်မဆမှုကြောင့် ပြုတ်ကျခဲ့တဲ့ စိန်ရွှေ ပလက်တီနမ်တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၃၈၀ မီလီယံကျော်တန်ဖိုးရှိပါတယ်။ ပြုတ်ကျသွားတဲ ရွှေချောင်း အလေးချိန်ဟာ ၃တန်ရှိပြီး အဆိုအပါရွှေချောင်းတွေသယ်လာတဲ့ လေယာဉ်ကို Kinross ရွှေကုမ္ပဏီကြီးကပိုင်ဆိုင်တာ ဖြစ်ပါတယ်။

ထိုကုမ္ပဏီကြီးဟာ ကမ္ဘာ့ထိပ်သီးရွှေကုမ္ပဏီကြီး တစ်ခုဖြစ်ပြီး ရုရှားနိုင်ငံတွင်းက Krasnoyarsk နဲ့ Kupol (Dome)ဒေသမှာရှိတဲ့ သူတို့

ပိုင်ရွှေမိုင်းကို ဦးတည်ပျံသန်းလာရာမှာ ယခုလို တံခါး ပျက်စီးပွင့်ကျခဲ့တာဖြစ်ကြောင်း သိရပါတယ်ဗျာ။

Source : Original Uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။