သြစတီးရီးယားနိုင်ငံ၏ အရှေ့မြောက်ဘက်မှာ တည်ရှိတဲ့ ကျွန်းနိုင်ငံငယ်လေးတစ်ခုဖြစ်ပြီး ကမ္ဘာ့အသေးဆုံးကျွန်းနိုင်ငံ အဖြစ်လည်း စာရင်းဝင်ထားါတယ်။ ထိုနိုင်ငံလေးရဲ့ အမည်ကတော့ Naru လို့အမည်ရပြီး အကျယ်အဝန်းအားဖြင့် ( 21 km² ) ကျယ်ဝန်းပါတယ်။

ထိုနိုင်ငံလေးဟာ ကမ္ဘာ့အသေးဆုံးနိုင်ငံဖြစ်တဲ့အပြင် ထူးခြားတဲ့ အချကအလက်အကြောင်းအရာတ စ်ချို့ လည်း၇ှိပါတယ်။ ဒါကတော့ Naruနိုင်ငံမှာ နေထိုင်တဲ့ လူဦးရေ တော်တော်များများဟာ အလွန်အမင်း ဝဖြိုးနေကြတာပဲ ဖြစ်ပါတယ်။ လေ့လာဆန်းစစ်ချက်များအရ နိုင်ငံရဲ့ ၉၇% သော အမျိုးသားနဲ့ ၉၃%ရာခိုင်နှုန်းသော အမျိုးသမီးတို့ဟာ အလွန်ဝဖြိုးနေကြတယ်လို့ သိရပါတယ်။

ထိုနိုင်ငံမှာ လှပတဲ့ သဘာဝရှုခင်းအများအပြား၇ှိပြီး ကမ္ဘာလှည့် ခရီးသွားတွေ လာလည်ချင်အောင် ဆွဲဆောင်ထားနိုင်ပါတယ်။ သဘာဝအလှတရားများစွာနဲ့ အတူ ထူးခြားလှတဲ့ အကြောင်းအရာလေးတွေပြည့်နှက်နေတဲ့ Naruနိုင်ငံလေးကတော့ အလည်ပတ်သွားရောက်သင့်တဲ့ နိုင်ငံလေးတစ်ခုအဖြစ် တည်ရှိနေပါတယ်။

Source : Naykhayan

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။