ဂျာမန်အဓိပတိ အိန်ဂျလာမာကယ် ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတက်ဖန့်ဆီဘာ့ကတော့ ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အိန်ဂျလာမာကယ်နဲ့ ဗြိတိန်ဝန်ကြီးချုပ် ထရီစာမေတို့ တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

သူ့ရဲ့ပြောကြားချက်အရ မာကယ်နဲ့ ထရီဆာမေတို့ဟာ ဧပြီလ ၉ ရက်နေ့မှာ ဘာလင်မြို့မှာ တွေ့ဆုံဆွေးနွေးမှာဖြစ်တယ်လို့သိရပါတယ်။

ဆီဘာ့ရဲ့ ပြောကြားချက်တွေထဲမှာတော့ သူတို့နှစ်ဦးဟာ ဧပြီ ၁၀ ရက်တွင် ကျင်းပမည့် ဥရောပကောင်စီ၏ အထူးထိပ်သီးအစည်းအဝေးတွင် အီးယူမှ ဗြိတိန် ထွက်ခွာရေးကိစ္စနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြမယ်ဆိုတာလည်း ပါဝင်နေပါတယ်။

ဒါ့အပြင် ဆီဘာ့ဟာ အကူးအပြောင်း၏ ခက်ခဲသည့်အချိန်ကာလများကို ကျန်ရှိသည့် အီးယူနိုင်ငံ ၂၇ နိုင်ငံက ဆက်လက်ထိန်းသိမ်းထားဖို့ကလည်း အရေးကြီးကြောင်း ပြောဆိုခဲ့ပါသေးတယ်။

ယခုပြုလုပ်မယ့် တွေ့ဆုံဆွေးနွေးပွဲမှာဆိုရင်လည်း မာကယ်နဲ့ ထရိဆာမေတို့ဟာ ဘရက်ဇစ်ဖြစ်စဉ်ရဲ့ အကျပ်အတည်းတွေနဲ့ပတ်သတ်ပြီး ဆွေးနွေးဖို့ရှိနေသလို လာမယ့် ဧပြီလ ၁၂ ရက်နေ့မှာ ဗြိတိန်နိုင်ငံက ဥရောပ သမဂ္ဂကနေ ထွက်ခွာမှာနဲ့ပတ်သတ်ပြီး သတ်မှတ်ချိန်တိုးမြှင့်ပေးဖို့အတွက်နဲ့ စပ်လျဉ်းပြီး ဆွေးနွေးသွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။

SOURCE – THE MIRROR DAILY

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။