ကမ္ဘာ့ အင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ရုရှားနိုင်ငံရဲ့ ဗဟိုဘဏ်က ထုတ်ပြန်တဲ့ စာရင်းများအရ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလက ရွှေတုံးပိုင်ဆိုင်မှု ၂၀ မက်ထရစ်တန်မှ ၁၈၅၇ တန်အထိ တိုးလာခဲ့ပါတယ်။ အခုလို တိုးတက်လာတဲ့ ရွှေတုံးတွေကြောင့် ရုရှားနိုင်ငံဟာ ကမ္ဘာ့ရွှေအများဆုံးပိုင်ဆိုင်တဲ့ အဆင့် ၅နေရာကို ရောက်လာခဲ့ပါတယ်။

ဒါ့အပြင် ရုရှားနိုင်ငံဟာ ကမ္ဘာ့တတိယအများဆုံး ရွှေထုတ်လုပ်တဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ နိုင်ငံအတွင်းရှိ ရွှေထွက်ရှိမှုတွေရဲ့ သုံးပုံနှစ်ပုံကို အစိုးရမှ ဝယ်ယူထားပြီး လတ်တလော ဖြစ်ပွားနေတဲ့ နိုင်ငံရေး အခြေနေရှုပ်ထွေးမှုတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ သတင်းများကဆိုပါတယ်။

အဆိုပါ နိုင်ငံရေး အခြေအနေတွေ ဖြစ်နေတဲ့အချိန်မှာ ရွှေတုံးတွေကို စုဆောင်းထားခြင်းဟာ လုံခြုံစိတ်ချရတယ်လို့ ရုရှားအစိုးရက ယူဆထားပါတယ်။ ကမ္ဘာပေါ်တွင် လက်ရှိရွှေအများဆုံးပိုင်ဆိုင်ထားတာကတော့ အမေရိကန်နိုင်ငံဖြစ်ပြီး ရွှေတန်ချိန်ပေါင်း ၈၁၃၄ တန်၇ှိပါတယ်။ ဒုတိယအများဆုံးနိုင်ငံကတော့ ဂျာမနီနိုင်ငံဖြစ်ပြီး ရွှေတန်ချိန်၃၃၇၄ တန် ပိုင်ဆိုင်ထားပါတယ်။

Source : Xinhua News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။