ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့က ရိုမေးနီးယားနိုင်ငံ ကွန်စတန်တာဆိပ်ကမ်းမြို့နားက ကမ်းခြေတွေကို ကိုကင်းထုပ်တွေ သောင်လာတင်ခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် ဧပြီလ ၆ ရက်နေ့မှာဆိုရင်လည်း အလေးချိန် ကီလို ၁၃၀ ရှိတဲ့ ကိုကင်းထုတ်တွေ ထပ်မံသောင်လာတင်ခဲ့တယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့အနေနဲ့လည်း ၎င်းကိုကင်းထုပ်တွေ သောင်လာတင်တာဟာ သံသဖြစ်ဖွယ်ကိစ္စတစ်ခုဖြစ်တာကြောင့် ဒေသခံပြည်သူတွေကို ၎င်းအထုပ်တွေတွေ့ရင် ဖွင့်မကြည့်ကြဖို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

အကယ်၍တွေ့ရှိခဲ့ရင်လည်း ရဲတပ်ဖွဲ့ကို ချက်ချင်းအကြောင်းကြားဖို့ ပြောကြားထားသလို ၎င်းကိုကင်းထုပ်တွေဟာ ဘယ်ကနေရောက်လာတယ်ဆိုတာ အခုချိန်ထိ အဖြေရှာမတွေ့သေးဘူးလို့ သိရပါတယ်။ 

source - dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။