ပလိပ်ကပ်ရောဂါ (Bubonic plague)

ဥရောပတိုက် အရှေ့မှ အနောက်သို့ ကူးစက်ကာ ၁၄ ရာစုအတွင်း လူအများအပြားသေဆုံးခဲ့ရသည့် ပလိပ်ရောဂါ (bubonic plague) သည် Black Death ဟုလည်း ထင်ရှားခဲ့သည်။ပလိပ်ရောဂါကိုဖြစ်စေသည့် Yersinia pestis ဘက်တီးရီးယားပိုး များသည် အရှေ့ပိုင်းဒေသနှေ ကြွက်များ၏ သန်းများမှ တစ်ဆင့် ကူးစက်ခဲ့သည်။ ဘက်တီးရီးယားများကို သယ်ဆောင်လာ သည့် ကြွက်များသည် အနောက်ဘက်သို့ ပိုးလမ်းမမှတစ်ဆင့် ဝင်လာသကဲ့သို့ မြေထဲပင်လယ်ကို ဖြတ်သန်းသည့် သဘောၤများ မှ လည်း ရောက်ရှိလာခဲ့သည်။လူသားများ၏ ကုန်သွယ်ကူးသန်းရောင်းဝယ်ရေးတိုးတက်မှုသည် ရောဂါများကို မည်သို့ ပျံ့နှံ့ ကူးစက်ခဲ့ပုံကို ယင်းပလိပ် ရောဂါက သရုပ်ပြသည့်နှယ်ဖြစ်ခဲ့သည်။

ပလိပ်ဟူသည့် ဝေါဟာရသည် လက်တင်ဘာသာ Bubo မှ ဆင်းသက်လာကာ ပြည်တည်နာဟု အဓိပ္ပာယ်ရသည်။ပလိပ် ရောဂါ၏ လက္ခဏာများသည် မြင်မကောင်းအောင် စက်ဆုပ်ဖွယ်ဖြစ်ကာ အဖျားတက်ခြင်းနှင့် ချွေးထွက်ခြင်းမှ စတင်လေ့ရှိ သည်။ သို့သော် နက်ပြာရောင် မွေးကျွတ်နာများသည် ပေါင်ခြံတွင်ထွက်လာကြကာ ယင်းအနာများကို ခွဲထုတ်၍ မရလျှင် အနာများသည် ကြီးထွားလာကြပြီး ဝေဒနာရှင်သည် အဆိပ်သင့်ကာ အသက်ဆုံးရှုံးရလေ့ရှိသည်။ထို့အတူ အနာစိမ်းကို ခွဲစိတ်ခြင်းသည်လည်း အလွန် အန္တရာယ်များသဖြင့် ပလိပ်ရောဂါကြောင့် သေဆုံးသူဦးရေသည် ဥရောပတိုက်တစ်ဝန်းတွင် သန်း ၂၀၀ အထိရှိခဲ့သဖြင့် ဥရောပတိုက် လူဦးရေ၏ ထက်ဝက်ကို သေဆုံးစေခဲ့ကာ သေဆုံးမှုနှုန်းသည် ၇၀ ရာခိုင်နှုန်းအထိရှိခဲ့သည်။

သမိုင်းသုတေသီများက ပလိပ်ကပ်ရောဂါ ကူးစက်မှုသည် ပြည်ထောင်စု စီးပွားရေး စနစ်ကို ပြိုလဲကျစေခဲ့သည်ဟု ယုံကြည် ခဲ့ကြသည်။များစွာသော ခရစ်ယာန်ရဟန်းများသည် ပလိပ်ရောဂါကြောင့်သေဆုံးသူများ၏အသုဘ အခမ်းအနားများကို ဆောင်ရွက် ပေးအပြီးတွင် ပလိပ်ရောဂါ ကူးစက်ခြင်းကို ခံခဲ့ကြရသည်။ယင်းသို့သော ကပ်ဆိုးများကို ခံခဲ့ရသဖြင့် လူအများသည် ယခုအချိန်တိုင် ပလိပ်ရောဂါဖြစ်ပွား မည်ကို ကြောက်ရွံ့နေကြ ဆဲဖြစ်ပေသည်။မျက်မှောက်ခေတ်တွင် ပလိပ်ရောဂါကြောင့် သေဆုံးမှုကို ကန့်သတ် ကာကွယ်နိုင်သည့် ပဋိဇီဝဆေးများရှိနေသည့်တိုင် ပလိပ်ရောဂါသည် ကြောက်ဖွယ်အကောင်းဆုံး ကူးစက်ရောဂါတစ်ခုအဖြစ် ကျန်ရှိ နေဆဲဖြစ်သည်။

Source : မောင်သာ ရှေးဟောင်းသုတေသန

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။