မြန်မာလူမျိုးတို့ရဲ့နှစ်သစ်ကူး သြင်္ကန်ဟာ အခြားအခြားသော တိုင်းရင်းသားလူမျိုးတွေနဲ့အတူ ပျော်ရွှင်လေ့ရှိတဲ့ နှစ်ကူးနေ့တစ်နေ့လည်းဖြစ်ပါတယ်။ ကြည်လင်အေးမြတဲ့ ရေနဲ့အတူ တစ်ဦးပေါ်တစ်ဦးပတ်ဖြန်းကြပြီး အညစ်အကြေးတွေကို စွန့်ပစ်ကြသလို ဘိုးဘွားမိဘများနှင့် သက်ကြီးရွယ်အိုများကိုလည်း ကုသိုလ်ပြုလေ့ရှိတဲ့ နေ့ထူးနေ့မြတ်တစ်ရက်လည်းဖြစ်ပါတယ်။ အဆိုပါ နှစ်သစ်ကူးနေ့ကို ဂုဏ်ပြုတေးသီချင်းများနှင့်အတူ နှစ်သစ်မှာပျော်ရွှင်လေ့ရှိကြတာလည်းတွေ့ရပါတယ်။   

မြန်မာနှစ်သစ်သြင်္ကန်ကို ပြည်တွင်းသာမက ပြည်ပနိုင်ငံအချို့မှာပါ လိုက်ပါပြုလုပ်နေကြပြီး မြန်မာ့ရိုးရာရေပတ်ခြင်းနဲ့အတူ မြူးကြတဲ့ တေးသီချင်းတွေကိုလည်း သီဆိုဖျော်ဖြေလေ့ရှိကြတာတွေ့ရပါတယ်။ အဆိုပါ ပြည်ပနိုင်ငံတွေမှ နိုင်ငံခြားသားတွေရဲ့ မြန်မာ့သြင်္ကန်သီချင်းသီဆိုဖျော်ဖြေမှု ဗီဒီယိုဖိုင်လေးတစ်ခုကတော့ ပရိသတ်တွေကြားမှာရေပန်းစားခဲ့တာတွေ့ရပါတယ်။ အဆိုပါ သီချင်းလေးကတော့ အမေရိကန်နိုင်ငံသားတွေက စည်းစည်းလုံးလုံးသီဆိုခဲ့ကြတာဖြစ်ပြီး နားထောင်သူတွေကိုလည်း ပျော်ရွှင်စေခဲ့တာတွေ့ရပါတယ်။  

လက်ရှိကျင်းပပြုလုပ်နေတဲ့ ၂၀၁၉ မြန်မာ့နှစ်သစ်ကူးသြင်္ကန်ပွဲလေးနဲ့အတူ အဆိုပါနိုင်ငံခြားသား တီးဝိုင်းအဖွဲ့နဲ့ အဆိုတော်အမျိုးသမီးတစ်ဦးရဲ့ ဗီဒီယိုဖိုင်လေးကတော့ ပရိသတ်တွေကြားမှာရေပန်းစားခဲ့တာတွေ့ရပါတယ်။ ချစ်စရာကောင်းတဲ့ ဗမာသံလေးနဲ့ သီဆိုဖျော်ဖြေခဲ့တဲ့ အဆိုပါသြင်္ကန်သီချင်းဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Vide0 - တဝါးဝါးတဟားဟား

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။