ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့မှာတော့ အိန္ဒိယနိုင်ငံထဲမှာ တိုက်ခိုက်မှု နစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။ ၎င်းတိုက်ခိုက်မှုနှစ်ခုကြောင့် အိန္ဒိယနိုင်ငံအတွင်းမှာ လွှတ်တော်အမတ် ဘဟီးမာ မန်ဒါဗီအပါအဝင် လူ၇ ဦးလောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပထမတိုက်ခိုက်မှုတခုကတော့ BJP ပါတီရဲ့ လွှတ်တော်အမတ် မန်ဒါဗီတော့ သူ့ရဲ့အခြွေအရံတွေနဲ့ မဲဆွယ်ပြီး ပြန်လာချိန်မှာ မော်ဝါဒီသူပုန်အဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ၎င်းတိုက်ခိုက်မှုကြောင့်ပဲ မန်ဒါဗီအပါအဝင် စုစုပေါင်း လူ ၅ ယောက်လောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

နောက်ထပ်တိုက်ခိုက်မှုတခုကတော့ ဂျမူးနဲ့ ကက်ရှ်မီးယားပြည်နယ်ထဲက ဆေးရုံတခုကို အမည်မသိသေနတ်သမားတွေ ဝင်ရောက်လာပြီး BJP ပါတီနဲ့ ဆက်နွယ်တဲ့ စိန္ဒူအဖွဲ့ခေါင်းဆောင် ခန်ဒရာခန် ရှာမာနဲ့ သူ့ရဲ့ကိုယ်တော်ကို ပစ်သတ်ခဲ့တဲ့ တိုက်ခိုက်မှုပဲဖြစ်ပါတယ်။

Source – dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။