စပါးအသင်းဟာ ဆဲလ်တာဗီဂိုတိုက်စစ်မှူး မက်ဆီဂိုးမက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး နွေရာသီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာနိုင်တဲ့ ဗင်းဆင့်ဂျန်ဆန်၊ ဒဏ်ရာ အသီးသီးရရှိထားတဲ့ လောရန်းတေး၊ ဟယ်ရီကိန်းတို့နေရာမှာ အစားထိုးနိုင်ဖို့ မျှော်လင့်နေပါတယ်။

ဥရုဂွေးလက်ရွေးစင်ကို ဆဲလ်တာဗီဂို တိုက်စစ်မှူး မက်ဆီဂိုးမက်ဇ်ကို ခေါ်ယူမယ်ဆိုရင်တော့ စပါးအသင်းဟာ စတာလင် ပေါင် ၄၃.၅ သန်းပေးချေရဖို့ ရှိနေပါတယ်။

ဂိုးမက်ဇ်ကို ခေါ်ယူဖို့ ဝက်စ်ဟမ်းအသင်းကလည်း စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့်လည်း ကစားသမားဘက်က ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ရတဲ့ အသင်းကိုသာ ပြောင်းရွှေ့လိုတာကြေ

ဝက်စ်ဟမ်းကတော့ ဂိုးမက်ဇ်ကို ခေါ်ယူဖို့ ခက်ခဲနေပေမယ့် ဖူလ်ဟမ်က မီထရိုဗစ်၊ လိုက်ပဇစ်က ကီဗင်အော်ဂတ်စတင် ရိုးမားက ဒီဂျက်ကိုနဲ့ လီဗာပူးက စတားရစ်ချ်တို့ထဲ တဦးဦးကိုတော့ အရခေါ်ယူသွားဖို့ ပြင်နေတယ်လို့ သိရပါတယ်။ဝက်စ်ဟမ်းအသင်းဟာ မထင်မှတ်တဲ့ ကစားသမားတွေကို ခေါ်ယူနိုင်လေ့ရှိပြီး ဟာနန်ဒက်စ်၊ အနာတိုဗစ်၊ လူးကပ်စ်ပီးရက်ဇ်၊ အန်ဒီကာရိုးလ်တို့လို ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။