လက်ရှိကျင်းပလျှက်ရှိတဲ့ မြန်မာ့နှစ်သစ်ကူးသင်္ကြန်ပွဲကို မြန်မာနိုင်ငံအနှံ့အပြားမှာ ကျင်းပပြုလုပ်လျှက်ရှိတာတွေ့ရပါတယ်။ စည်ကားသိုက်မြိုက်တဲ့ မဏ္ဍပ်ကြီးတွေနဲ့အတူ အနုပညာရှင်များစွာကလည်း သွားရောက်ဖျော်ဖြေလျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ ပြည်တွင်းနာမည်ကြီးမဏ္ဍပ်ကြီးတွေထဲမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မဏ္ဍပ်ကြီးတွေနဲ့အတူ အခြားစည်ကားတဲ့ လမ်းလျှောက်သင်္ကြန်တွေကလည်းများစွာရှိနေတာတွေ့ရပါတယ်။

ဒီနှစ်သင်္ကြန်ပွဲတွေကို မဏ္ဍပ်တွေနဲ့အတူ လမ်းလျှောက်သင်္ကြန်တွေကိုလည်း များစွာထည့်သွင်းထာစတာတွေ့ရပါတယ်။ စည်စည်ကားကားကျင်းပလျှက်ရှိတဲ့ လမ်းလျှောက်သင်္ကြန်တွေထဲမှာ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်ရှိ လမ်းလျှောက်သင်္ကြန်တွေက ပိုမိုစည်ကားလျှက်ရှိတာပဲတွေ့ရပါတယ်။

အေးအေးချမ်းချမ်းကျင်းပတဲ့ သင်္ကြန်ပွဲလေးဖြစ်သလို လာရောက်ဆော့ကစားသူတွေကလည်း များစွာရှိတာတွေ့ရပါတယ်။ ရန်ကုန်၊ မန္တလေး လမ်းလျှောက်သင်္ကြန်တွေနီးပါး စည်းကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့တဲ့ နေပြည်တော် ပျဉ်းမနား လမ်းလျှောက်သင်္ကြန်ပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။ ။

photos - BBC B

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။