ချန်ပီယံလိဒ်ကွာတားဖိုင်နယ်တွေထဲကပရိသတ်တွေစိတ်ဝင်စားဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ဘာစီလိုနာအသင်းနဲ့မန်ယူအသင်းတို့ပွဲစဉ်ကတော့ဒီနေ့ညမှာယှဉ်ပြိုင်ကစားတော့မှာဖြစ်ပါတယ်။ပထမအကျော့တွေ့ခဲ့စဉ်ကဘာစီလိုနာအသင်းကအဝေးကွင်းမှာ(၁-ဝ)နဲ့အနိုင်ရခဲ့တာကြောင့်ဘာစီလိုနာအသင်းဟာဆီမီးဖိုင်နယ်တက်ဖို့အခွင့်အလမ်းကောင်းတွေပိုင်ဆိုင်နေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကလည်းနည်းပြသစ်ဆိုးရှားလ်လက်ထက်မှာခြေစမ်းကောင်းတွေပိုင်ဆိုင်ထားတာကြောင့်ဘာစီလိုနာအသင်းအတွက်တော့ခက်ခဲတဲ့ပွဲဖြစ်လာမှာပါ။ဘာစီလိုနာအသင်းဟာမန်ယူအသင်းရဲ့အိမ်ကွင်းမှာလည်းခက်ခက်ခဲခဲကစားခဲ့ရပြီးလုရှော့ရဲ့ကိုယ့်ဂိုးကိုဂိုးတဲ့သွင်းဂိုးနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။

ခုအိမ်ကွင်းမှာကစားမယ့်ပွဲမှာတော့ဘာစီလိုနာအသင်းကဆီမီးဖိုင်နယ်တက်ဖို့အမှားခံတော့မှာမဟုတ်ပါဘူး။မန်ယူအသင်းကလည်းဆီမီးတက်ဖို့ဆိုအနည်းဆုံးဦးဆောင်ဂိုးတွေသွင်းဖို့လိုအပ်တာကြောင့်ဘယ်လိုခြေစွမ်းတွေနဲ့ပရိသတ်တွေကိုစိတ်လှုပ်ရှားစရာတွေပေးနိုင်မလဲဆိုတာကတော့ဒီညမှာစောင့်မျှော်အားပေးကြပါဦးနော်။

Source- Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။